Monday, May 4, 2026

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌...

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...
HomeNewsLocal Newsလျှောက်ထားမှု(၂)သောင်းခန့်ရှိသည့် ကြော်ငြာဆိုင်း ဘုတ်အတွက်...

လျှောက်ထားမှု(၂)သောင်းခန့်ရှိသည့် ကြော်ငြာဆိုင်း ဘုတ်အတွက် မဲနှိုက်ရွေးချယ်

ရန်ကုန်မြို့တော်စည်ပင်၏ ရန်ကုန်တိုင်းအတွင်း ကြော် ငြာဆိုင်းဘုတ်များအတွက် လုပ်ကိုင်ခွင့်ရရှိရန် ၂၀၂၆ -၂၀၂၇ ခုနှစ်အတွက် လျှောက်ထားမှု(၂)သောင်းခန့်ရှိကြောင်း သိရသည်။

အဆိုပါ ၄၅ ပေ × ၁၅ ပေ ကြော်ငြာဆိုင်းဘုတ်များအတွက် လျှောက်ထားမှုများအား မဲနှိုက်ရွေးချယ်မှုပြုလုပ်ခဲ့ပြီး မဲပေါက်အဌားရရှိသူများစာရင်းကိုလည်း ဘုတ်များတွင်ကပ်၍ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလမှစကာ ​ကြော်ငြာဆိုင်းဘုတ်များတွင် ​ကြော်ငြာခြင်းများ ကျဆင်းခဲ့ပြီး ယခု နှစ်ပိုင်း၌ မြို့ထဲ အဝိုင်းပတ်​နေရာများတွင် ​ကြော်ငြာဆိုင်းဘုတ်များ ပြန်လည်များပြားလာသည်ကို​တွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071