ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်တာ တာအိ/တာလျောကျမှု ယနေ့ စက်တင်ဘာ ၃ ရက်နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်ရေ ကာတာ၏မိုင် ၂၀/၀(+၂၀၀)တွင် တာအိ/တာလျောမှုဖြစ်ပွား၍ ဟင်္သာတခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဆည်မြောင်းဦးစီးဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍ သဲအိတ်ဖို့ခြင်း၊ ဝါးတုတ်ရိုက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
