Thursday, August 6, 2026

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့်...

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း...

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit)...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...
HomeInternationalလော့စ်အိန်ဂျလိစ်မီး ဟောလိဝုဒ်အထိ ပြန့်နှံ့

လော့စ်အိန်ဂျလိစ်မီး ဟောလိဝုဒ်အထိ ပြန့်နှံ့

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တောမီးပြန့်နှံ့ပြီး ယင်းဧရိယာအတွင်း မဖြစ်မနေ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟောလိဝုဒ်တောင်ကုန်း‌တွင် အရှိန်အဟုန်ဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိက ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားမီးသတ်အကြီးအကဲ ဒေးဗစ် အကူနာက ပြောကြားရာတွင် လေပြင်းတိုက်ခတ်မှုနှင့် ခြောက်သွေ့သော အခြေအနေများကြောင့် မီးထိန်းနိုင်မှုမှာ တိုးတက်မှု လုံးဝမရှိကြောင်း သိရသည်။

“လေဟာ မနေ့က မနက်ကတည်းက တစ်နာရီ မိုင် ၆၀ ကနေ ၁၀၀ နှုန်းလောက်နဲ့ အဆက်မပြတ်တိုက်နေတယ်” ဟု အကူနာကပြောကြားခဲ့သည်။ “မနေ့ညကတည်းက လေပြင်းတွေ တိုက်‌နေခဲ့တာ”ဟုလည်း သူကဆိုသည်။

လော့စ်အိန်ဂျလိစ်တခွင်တွင် အနည်းဆုံး မီးလောင်ကျွမ်းမှု ၅ ခု ရှိနေပြီး လက်ရှိအချိန်အဖိလူငါးဦး ‌ေ-သဆုံးကြောင်း အတည်ပြုထားသည်။

လေတိုက်နှုန်းမှာ အချို့နေရာများတွင် တစ်နာရီ မိုင် ၃၀ ခန့်အထိ ကျဆင်းသွားသော်လည်း “လေပြင်းတဲ့ နေရာတွေ အများကြီးရှိတာကြောင့် ဒါဟာ အလွန်အန္တရာယ်များပါတယ်” ဟု ကယ်လီဖိုးနီးယားမီးသတ်အကြီးအကဲ ဒေးဗစ် အကူနာကပြောသည်။

ယခုအချိန်အဖိ လူပေါင်း ၁၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး Paris Hilton နှင့် Billy Crystal အပါအဝင် နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် အများအပြား၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

မာလီဘူးမြို့ အနီးရှိ ပစိဖိတ် ပါလီဆိတ်ဒ်ရပ်ကွက်တွင် အင်္ဂါနေ့က ပထမဆုံး မီးစတင်လောင်ကျွမ်းခဲ့ပြီး‌နောက်မြို့၏ မြောက်ဘက်တွင် မီးလောင်မှုများ ထပ်ဆင့် ဖြစ်ပွားခဲ့သည်။

ဒေသစံတော်ချိန် ၂၀:၁၅ နာရီ (၀၄း၀၀ ဂရင်းနစ်စံတော်ချိန်) အရ ပါလီဆိတ်ဒ်စ်၊ ပါဆာဒန်နာ၊ ဆယ်လ် နှင့် ဟောလိဝုဒ်တောင်ကုန်း‌ဒေသများရှိ ဧရိယာ လေးခုတွင် မီးလောင်ကျွမ်းမှုသည် ဧက ၂၇၀၀၀ ကျော် (၄၂ စတုရန်းမိုင်/၁၀၉ စတုရန်းကီလိုမီတာ) ရှိပြီး မီး ထိန်းနိုင်ခြင်းမရှိ‌ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့် စောင့်ရနိုင်

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၌ နိုင်ငံခြားသား ခရီးသွားများသည် စစ်ဆေးမှုခံယူရန် တန်းစီစောင့်ဆိုင်းနေကြစဉ် အတန်းများသည် အလွန်အမင်း ရှည်လျားနေသည်ကို တွေ့ရသည်။ ခရီးသွား ၃၀၀ မှ ၄၀၀ ခန့်အထိ တန်းစီဧရိယာအတွင်း တိုးဝှေ့ဝင်ရောက်လာသဖြင့် ဝင်ပေါက်အနီးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ လေဆိပ်နှင့် လူဝင်မှုကြီးကြပ်ရေး လမ်းညွှန်ဝန်ထမ်းများ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ အတူတကွတက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ အဆိုပါဖိုရမ်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Queen Sirikit National...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ဦးဆောင်ကျင်းပသည့် မြန်မာ-ထိုင်းနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အိမ်နီးချင်းနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုထိန်းသိမ်းထားပြီး အာဆီယံနှင့်လည်း ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကိုအလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အစိုးရချင်းဆက်ဆံရေး၊ တပ်မတော်ချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများကြားဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်ရှိသည့် နိုင်ငံများဖြစ်သည်ဟု ပြောကြားသည်။ ထို့ကြောင့် နှစ်နိုင်ငံကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071