Monday, May 25, 2026

လွိုင်ကော်တွင် AYA bank ၏...

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌...

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇...
HomeInternationalလောင်စာဆီဈေးမြင့်တက်၍ ဖိလစ်ပိုင်ဓာတ်ဆီဆိုင်၄၀၀ ကျော်ကို...

လောင်စာဆီဈေးမြင့်တက်၍ ဖိလစ်ပိုင်ဓာတ်ဆီဆိုင်၄၀၀ ကျော်ကို ပိတ်ပစ်ခဲ့

မနီလာ၊ မတ် ၂၃

လာင်စာဆီဈေး မြင့်တက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ ဓာတ်ဆီဆိုင် ၄၀၀ ကျော် သည် လုပ်ငန်းလည်ပတ်မှု ကို ရပ်ဆိုင်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ‌တော်ရဲတပ်ဖွဲ့ (PNP) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

PNP ၏ပြောရေးဆိုခွင့်ရှိသူ ရန်ဒလ်ဖ် တူအာနို သည်ဖိလစ်ပိုင်တွင်ပိတ်ထားသော ဓါတ်ဆီဆိုင် အရေအတွက်သည်ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် ၂၇၃ သာရှိရာမှ ၄၀၃ သို့တိုးလာသည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

PNP သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ဆီဆိုင်ပေါင်း ၁၄,၃၁၃ ရုံကို စောင့်ကြည့်နေပြီး နိုင်ငံ၏ လက်ရှိလောင်စာဆီ ပမာဏသည် ဧပြီလလယ်အထိ လုံလောက်မည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

PNP သည် နယ်မြေအများအပြားတွင် တရားမဝင် စက်သုံးဆီရောင်းချမှု၊ သိုလှောင်မှုနှင့် အမြတ်ထုတ်မှုများနှင့် ပတ်သက်သည့် အမှု ဖွင့်ထားပြီးဖြစ်သည်။

အေဂျင်စီက စုံစမ်းစစ်ဆေးရန် စွမ်းအင်ဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး အချို့သော ပိတ်သိမ်းမှုများသည် ဈေးနှုန်းထိန်းညှိခြင်းနှင့် ဆက်နွှယ်သည်ဟု သံသယ ကြောင့် လုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းထားသည့် ဓာတ်ဆီဆိုင်များကို အရှိန်အဟုန်မြှင့်ကာ စောင့်ကြည့်နေသည်ဟု အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်တွင် AYA bank ၏ ဝန်ဆောင်မှုများ ပြန်အသုံးပြုနိုင်ပြီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌ အမှတ် (ရှမ်း-၃၅)၊ လောပိတလမ်း၊ ရှမ်းစုရပ်ကွက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ၌ လွိုင်ကော်မြို့သည် ပြန်လည်စည်ကားလျက်ရှိပြီး စစ်ရှောင်နေရသည့် ပြည်သူများလည်း ပြန်လည်ဝင်ရောက်နေထိုင်ကြပြီ ဖြစ်ကာ အစိုးရယန္တရားအပြည့်အဝလည်ပတ်လျက်ရှိနေပြီလည်း ဖြစ်သည်။

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး ‌ေ-သဆုံး (၄) ဦး ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ပါသော ကိုယ်ပိုင်ယာဥ်သည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက်တိမ်းမှောက်ခဲ့သဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမိရ) ဒ-ဏ်ရာများရရှိခဲ့၍...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။ မကွေးတိုင်း၊ စလင်းမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က (၂)တွင်လည်း ကျောင်းအပ်နှံခြင်း ပထမရက်၌ ကျောင်းသား/သူများကျောင်းအပ်ရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် စလင်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၃၁) ကျောင်းတွင်လည်း သတ်မှတ်အတန်းအလိုက် နိုင်ငံတော်ကအခဲ့ထောက်ပံ့ပေးထားသော ကျောင်းသုံးပုံ နှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071