Tuesday, April 28, 2026

ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ...

ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။ ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏...

လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လယ်ယာသုံးစက်ကိရိယာချေးငွေထုတ်ချေးရေး အစီအစဉ်သစ်ကို မေလဆန်းမှ...

သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့်...

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်နေကြောင်း သိရသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့်...

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင်...

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(Black Lists)ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က...
HomeMovies​လောက်ကိုင်မြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အလင်းပြန်လမ်းညွှန်အမှတ်အသားများ...

​လောက်ကိုင်မြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အလင်းပြန်လမ်းညွှန်အမှတ်အသားများ ပြန်လည်ရေးဆွဲ

ရှမ်းပြည်နယ် ​ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၏ မြို့တွင်းအဓိကလမ်းမကြီးများတွင် ယာဉ်သွားလာမှု ပိုမိုစနစ်ကျစေရန်နှင့် လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် လမ်းညွှန်မြှားအမှတ်အသားများ အသစ်ပြန်လည်ရေးဆွဲခြင်းလုပ်ငန်းကို အထူးဒေသအုပ်ချုပ်ရေးကော်မတီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူလလမ်းညွှန်အမှတ်အသားများသည် ကာလကြာရှည်အသုံးပြုမှုနှင့် ရာသီဥတုဒဏ်ကြောင့် မှေးမှိန်နေသဖြင့် ယခုအခါ လမ်းပန်းဆက်သွယ်ရေးစံနှုန်းများနှင့်အညီ နေ့ဘက်တွင် ကြည်လင်ပြတ်သားရုံသာမက ညဘက်တွင်လည်း အလင်းပြန်အားကောင်းသည့် အရည်အသွေးမြင့်ဆေးများကို အသုံးပြု၍ လမ်းကြောင်းခွဲမျဉ်းများ၊ လူကူးမျဉ်းကြားများနှင့် ရပ်တန့်မျဉ်းများကို အသစ်ပြန်လည်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကြောင့် မြို့တွင်းယာဉ်စီးရေ များပြားလာသည့်တိုင် ယာဉ်မတော်တဆမှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် နယ်မြေခံယာဉ်ထိန်းရဲများနှင့် မြို့ခံပြည်သူများကလည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။ ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲတစ်ခုတွင် သူက "ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်တဲ့ ရေကြောင်းသွားလာခွင့်ဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားရပါမယ်။ ဒီမူဝါဒတွေကို အပြည့်အဝနဲ့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လိုက်နာကြရပါမယ်" ဟု ပြောကြားခဲ့သည်။ ဂူတာရက်စ်က "သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော် အယူခံဝင် တောင်းဆိုချင်ပါတယ်။ ရေလက်ကြားကို ဖွင့်ပေးပါ၊ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးပါ၊ အခွန်အခတွေ...

လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လယ်ယာသုံးစက်ကိရိယာချေးငွေထုတ်ချေးရေး အစီအစဉ်သစ်ကို မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ လယ်ယာကို အခြေခံသော စီးပွားရေးကဏ္ဍများတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်ထုတ်လုပ်နိုင်စေရေးတို့အတွက် တောင်သူလယ်သမားများနှင့်...

သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံး တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်နေကြောင်း သိရသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071