Saturday, June 21, 2025

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...
HomeCelebrities' Newsလူကြမ်းက မင်းသားလုပ်လို့ မရသလို...

လူကြမ်းက မင်းသားလုပ်လို့ မရသလို မြန်မာသံ အဆိုတော်ကလည်း စတီရီယိုသီချင်းဆိုလို့ မရဘူး

မြန်မာသံစဉ် သီချင်းတွနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ဗညားဟန်ကတော့ လတ်တ လောမှာ အဆိုတော် ပန်းဆုပြည့်ကျော်ရဲ့ ‘ခေသူမဟုတ်’ Mini Albumမှာ Over 30 ဆိုတဲ့အတွဲ သီချင်းတစ်ပုဒ် ပါဝင်သီဆိုခဲ့ပါတယ်။ သူကတော့ တေးစီးရီး ၁ဝခွေ ထွက် ရှိထားပြီး ၁၁ခွေမြောက် တေးစီးရီး ထွက်ဖြစ်ဖို့လည်း  ပြင်ဆင်နေပါ တယ်။ နှစ်တိုင်းလိုလို တေးစီးရီး ထွက်ရှိပေမယ့်လည်း သီချင်းတွေ မ ပေါက်လို့ ပရိသတ်နဲ့ ဝေးသလို ဖြစ်နေတာပါ လို့ ပြောလာတဲ့ အဆိုတော် ဗညားဟန်က . . .

“တေးစီးရီး အခွေကတော့ ကျွန်တော် နှစ်တိုင်းလိုလို ထွက်ဖြစ်ပါ တယ်။ ပရိသတ်တွေနဲ့ ဝေးနေတယ် ဆိုတာကတော့ သီချင်းတွေ မပေါက်လို့ပေါ့။ ဘာလို့ မပေါက်တာလဲဆိုရင် သီချင်းတွေက ကိုယ်ကြိုက်လို့ ဆိုလိုက်တာ ပရိသတ် အကြိုက်မတွေ့လို့ပါ။ ဘယ်အဆိုတော်မဆို ပရိသတ်နဲ့ကိုယ်နဲ့ တည့်တည့်တိုးမှ ပေါက်တာလေ။ ကျွန်တော်က ကိုယ်ကြိုက်တာပဲ ဦးစားပေးလုပ်ခဲ့တာလည်း ပါတာပေါ့။ ကိုယ်ဆိုချင်တဲ့ သီချင်းတွေပဲ ဦးစားပေး ဆိုခဲ့တယ်။ ဒါပေမဲ့ ပရိသတ်က သူတို့လိုချင်တဲ့ ပုံစံမဟုတ်ဘူးဆိုရင် မကြိုက်နိုင် ဘူးလေ။ ခုထွက်ရှိခဲ့တဲ့ သီချင်းတွေက စတီရီယိုသီချင်းတွများတယ်။ အဲ့ဒါကြောင့် လည်း မပေါက်တာ ထင်ပါတယ်။ လူကြမ်းက မင်းသားလုပ်လို့ မရသလို မြန်မာသံ အဆိုတော်က စတီရီယိုသီချင်းဆိုလို့ မရဘူး။ ကျွန်တော့် ပရိသတ်က မြန်မာသံပဲကြိုက် တယ်လို့ ခန့်မှန်းမိပါတယ်။  နောက်ဆုံးထွက်ရှိခဲ့တဲ့ အခွေက ကိုလွှမ်းမိုး သီချင်းတွေ ပဲဆိုထားတယ်။ ကိုယ်လုပ်ချင်တာ လုပ်လိုက်တာပဲ။ ဒါပေမဲ့ ပရိသတ်က မကြိုက်ဘူး။ ကိုယ်က ကိုလွှမ်းမိုး လောက်မှ မကောင်းတာလည်း ပါတာပေါ့။ အနုပညာရှင် တစ်ယောက် က ပရိသတ်အကြိုက်ကိုလည်း စဉ်း စားပေးရပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော် အခုထွက်ရှိမယ့် တေးစီးရီးထဲမှာ ပရိသတ်အကြိုက်တွေပဲ တစ်စု တစ်စည်းတည်း ဆိုထားပါတယ်။ သီချင်းတွေကတော့ အရင်တုန်းက ပရိသတ်ကြိုက် ခဲ့တဲ့ သီချင်းတွေ ဖြစ်တဲ့ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ၊ သမုဒယဝါဆိုမိုး တို့လို သီချင်းပုံစံတွေပါ။ ကျွန်တော်ရဲ့ ပရိသတ်က အဲဒီလို မြန်မာဆန်ဆန် တွေ ကြိုက်ကြပါတယ်”  လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071