Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeInterviewsလူငယ်နှင့်အလုပ်အကိုင်

လူငယ်နှင့်အလုပ်အကိုင်

ဒီတစ်ပတ်တော့ ပေါ်ပြူလာပရိသတ်များအတွက် လူငယ်တွေရဲ့ လက်ရှိအလုပ်အကိုင်ကို ကျေနပ်ကြသလား၊ အဆင်ပြေနေကြသလားဆိုတာအပြင် သူတို့ရရှိတဲ့လစာက သူတို့အတွက် လုံလောက်နေပါသလားဆိုတဲ့မေးခွန်းတွေကို စုစည်းပြီး ‘လူငယ်နှင့် အလုပ်အကိုင်’ဆိုတဲ့ ခေါင်းစဉ်နဲ့ စုစည်းဖော်ပြလိုက်ပါတယ်။

ကိုထက်နိုင်လင်း

လက်ရှိအလုပ်ထဲမှာတော့ အ ကုန်လုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေ ကြရတော့ နည်းနည်းတော့ ပင်ပန်း တာပေါ့။ လောလောဆယ်မှာတော့ အလုပ်ပြောင်းလုပ်ကိုင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ လက်ရှိလုပ်ကိုင်နေ ရတဲ့အလုပ်က ဝါသနာနဲ့လည်း ကိုက် ညီသလို လစာကလည်း ကျေနပ်စရာ ရှိပါတယ်။ ဘယ်လိုအလုပ်မျိုး လုပ် ချင်လဲဆိုတော့ ကိုယ်ပိုင်အလုပ်တစ် ခုခုတော့လုပ်ချင်မိတယ်။ ဒီလိုမျိုး ဝန် ထမ်းဘဝနဲ့တော့ တစ်သက်လုံးမနေ ချင်ဘူး။ လုပ်ငန်းရှင်တစ်ယောက် လည်းဖြစ်ချင်တယ်။ အဲဒီလို လုပ်ငန်း ရှင်ဖြစ်ဖို့အတွက် လောလောဆယ်တော့ အလုပ်လုပ်ကိုင်ရင်း အရင်းအနှီး အတွက် ပိုက်ဆံစုဆောင်းနေပါတယ်။

*****************
လင်း

လက်ရှိအလုပ်က အဆင်ပြေပါ တယ်။ အခုတလော အလုပ်များလို့ Back- bag နဲ့ စကားနည်းနည်းပြောကြည့် ဖို့ စဉ်းစားထားတယ်။ ဒီအတိုင်းချည်း ပဲ အလုပ်တွေပိနေရင် ပြောင်းချင်ပြောင်း ဖြစ်မယ်။ လက်ရှိအလုပ်ကဝါသနာနဲ့ တော့မကိုက်ဘူး။ လစာကတော့ မဆိုး ပါဘူးလို့​ပြောရမယ်​။ အလုပ်ကတော့ မလုပ်ချင်​တော့ဘူး။ Boss နဲ့ ရှိတာတွေရောင်းပြီး ခရီးပဲသွားချင်တယ်။

*****************

ကိုမင်းသီဟကျော်

လက်​ရှိအလုပ်​မှာ အဆင်​​ပြေပါ တယ်​။ စိတ်ဖိစီးမှုတော့ရှိတာ​ပေါ့။ အလုပ်​ပြောင်းဖို့လည်း Plan ရှိပါ တယ်​။ ကိုယ်​ကိုယ်​တိုင်​က ​နောက် လာမယ့်​အလုပ်​အတွက်​ လိုအပ်​တဲ့ အရည်အသွေးတွေ ပြည့်​မီနေတဲ့အခါ ​ပြောင်းမှာပါ။လက်​ရှိအလုပ်​က လစာ က​တော့ သူ့အိုးနဲ့ သူ့ဆန်​ဆို​တော့ ​ကျေနပ်​ရမှာပါ။ လုပ်​ချင်​တဲ့ အလုပ်​က​တော့ စီးပွားရေးတစ်ခုကို အခြေ ချချင်တာပါ။

*****************

မမေဇင်ဦး

လက်ရှိက ကလေးထိန်း မူကြို ဖွင့်ထားတာပါ။ အလုပ်က အဆင်ပြေ လားဆိုတော့ လုပ်နေကျမို့ အခက်အ ခဲတော့ မရှိပါဘူး။ ဒါပေမဲ့ ကလေး တွေရဲ့စိတ်ကို ဖတ်နေရတဲ့အလုပ်ဆို တော့ နည်းနည်းတော့ ခက်ခဲပါတယ်။ လစာရယ်လို့ မဟုတ်ပေမယ့် သူ့ဟာ သူတော့ အဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။ တခြားအလုပ်တော့ မ ပြောင်းဖြစ်သေးပါဘူး။ ဒီအလုပ်က ကိုယ့်ဝါသနာနဲ့လည်း ကိုက်တော့ အ ဆင်ပြေနေပါတယ်။

*****************

ကိုအောင်သူဟိန်း

ကျောင်းက အဝေးသင်မို့ အ လုပ်က ခဏပေါ့။ အမြဲအတွက်တော့ မဟုတ်ပါဘူး။ အလုပ်က နည်းနည်း တော့ပင်ပန်းတယ်။ အေးဂျင့်ဆိုတော့ လစာက နည်းပေမယ့်လည်း ခုခေတ် အခြေအနေနဲ့က အလုပ်တစ်ခုရဖို့ မလွယ်ဘူးလေ။ ဝါသနာရယ်လို့ မဟုတ်ပါဘူး။ ကျောင်းစရိတ်အတွက် လုပ်နေတာပါ။ အခုခေတ်က ဝါသ နာနဲ့ အလုပ်ကိုက်ဖို့ဆိုတာ မလွယ်ပါ ဘူး။ အလုပ်အသစ်ကတော့ ကျောင်း ပြီးမှပဲ လုပ်ကိုင်ဖြစ်မှာပါ။

*****************

မကျော့ကေကို

လက်ရှိအလုပ်မှာ အဆင်ပြေ တယ်။ ဒါပေမဲ့ အခက်အခဲလေးတွေ တော့ရှိတာပေါ့။ ဘယ်အလုပ်မဆို စိန်ခေါ်မှုတွေတော့ရှိတာပဲလေ။ ကိုယ်က ကြိုးစားမှရမှာပါ။ အလုပ် ပြောင်းဖို့ တွေးထားတာမျိုးတော့ မရှိ သေးဘူး။ ဒါပေမဲ့ ကိုယ့်အတွက် ပို ပြီးအဆင်ပြေမယ်ဆိုရင်တော့ စဉ်းစား ရမှာပေါ့။ လက်ရှိလုပ်နေရတဲ့ အလုပ် က ဝါသနာနဲ့တော့မကိုက်ဘူး။ ဒါပေမဲ့ အတွေ့အကြုံကောင်းတွေတော့ အ များကြီးရပါတယ်။ ရတဲ့လစာကလည်း သုံးလို့လောက်တယ်ဆိုတော့ ကျေနပ် စရာအနေအထားတော့ မဟုတ်ပေ မယ့်အဆင်ပြေပါတယ်။ လစာပိုရအောင် လည်း ဒီထက်ပိုပြီး ကြိုးစားလုပ်သွား မှာပါ။ ဘယ်လို အလုပ်မျိုးလုပ်ချင်လဲ ဆိုတော့ကိုယ့်အတွက် တက်လမ်းရှိ ပြီးအတွေ့အကြုံ ကောင်းတွေရမယ့် အလုပ်မျိုးကိုလုပ်ကိုင်ချင်တယ်။

အောင်ပြည့်စုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071