Thursday, June 18, 2026

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို...

Myanmar Women’s League 2026-27...

Myanmar Women's League 2026-27 ပြိုင်ပွဲ၏ Week-1 အဖွင့်ပွဲစဉ်များကို ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ...
HomeInterviewsလူငယ်နဲ့ ပရဟိတ

လူငယ်နဲ့ ပရဟိတ

ခေတ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းထဲမှာ လိုက်ပါစီးမျောနေကြတဲ့လူငယ်တွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ပရဟိတအလုပ်တွေ လုပ်ကိုင်ဖြစ်ကြလား၊ လူငယ်တွေ ဘယ်လိုပရဟိတမျိုးကို အများဆုံးလုပ်ကိုင်ဖြစ်နေကြလဲဆိုတာတွေအပြင်နိုင်ငံ့အနာဂတ်ဖြစ်လာမယ့် လူငယ်တွေအားလုံးအတွက် ပရဟိတစိတ်ထားတွေထားတတ်ဖို့ လူငယ်အချင်းချင်းဘယ်လိုအကြံပြုကြလဲဆိုတာတွေကို မကြာခင် နေပြည်တော်မှာကျင်းပတော့မယ့် Mister & Miss International Island 2018 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လူငယ်တွေထဲက အချို့ကို အခုလို မေးမြန်းစုစည်းဖော်ပြပေးလိုက်ပါတယ်။

စောသူထွဋ်အောင်

လတ်​တ​လောလုပ်​ကိုင်ဖြစ်​​နေ တဲ့ ပရဟိတလုပ်​ငန်း​တွေက​တော့ မကြာ​သေးမီက​ပဲ ကရင်​ပြည်​နယ်​မှာ​ တွေ့ကြုံခံစား​နေရတဲ့​ ရေဘေးမှာ ပါဝင်ကူညီခဲ့ပါတယ်။
ပရဟိတကို ကျွန်တော့်အ​နေနဲ့ နားလည်​ထားတာက​တော့ မွန်​မြတ်​တဲ့​စေတနာထားပြီး လုပ်ကိုင်တာ ဖြစ်လို့ နတ်​လူအကုန်​ သာဓု​ခေါ်​စေ တဲ့ အလုပ်လို့ပဲ ထင်​ပါတယ်​ခင်ဗျ။ ပရဟိတအလုပ်တွေကို ကျွန်တော် အားလပ်​တဲ့ကြားမှာ တတ်​နိုင်​သ​လောက်​ ကျွန်တော့်ရဲ့အင်​အား​လေးနဲ့ သွား​ရောက်​ ဝိုင်းဝန်းကူညီ ပါတယ်​။ ကျွန်တော့်ရဲ့ ပရဟိတခံစား ချက်​က​တော့​ သူတို့​လေး​တွေ ကျွန် တော်​တို့ အဖွဲ့သား​တွေကို မြင်​တွေ့ ရတဲ့ အချိန်​မှာ သူတို့ရဲ့မျက်​နှာ​လေး​တွေက အရမ်း​ပျော်​ပြီး ကျွန်တော် တို့ရဲ့ စိတ်​ထဲက အရမ်းပီတိဖြစ်​​စေတဲ့ ခံ စားချက်​ကို ဘာနဲ့မှ မလဲနိုင်​ဘူး​ပေါ့။ အရမ်း​ပျော်​တယ်​။ အရမ်း ပီတိဖြစ်​ရပါတယ်​။ အမှတ်​တရ ဖြစ်​ရတဲ့ ပရဟိတလုပ်​ငန်း​လေးတစ်​ခု အ​ကြောင်းက​တော့ ကျွန်တော်တို့ ကိုဝေဠုကျော်​တို့ အဖွဲ့သား​တွေနဲ့ အလုပ်​အတူတူ လုပ်​ကိုင်ခွင့်​ရခဲ့တဲ့ အတွက်​အမှတ်​တရပါပဲ။ လူငယ်တွေ ကို ပရဟိတအတွက် အကြံပြုချင်​တာက​တော့ ကိုယ့်​နိုင်​ငံ၊ ကိုယ့်​ပြည်​နယ်​၊ ကိုယ့်​​ဒေသ ကြုံ​တွေ့ခံစား​နေရ တဲ့ပြဿနာကို ထိုင်​ပြီး မကြည့်​နေ ကြပါနဲ့လို့ ကိုယ့်​ဘက်​ကတတ်နိုင်​သ​လောက်​ လုပ်​ကိုင်နိုင်​သ​လောက်​ ပါဝင်​ဝိုင်းဝန်း ကူညီ​ပေးကြပါလို့ အ ကြုံပြုချင်​ပါတယ်​။

ကြူကြူ

ကြူကြူလတ်​တ​လော လုပ်​ကိုင် ဖြစ်​​နေတဲ့ ပရဟိတလုပ်​ငန်းက အခု လက်​ရှိ ဖြစ်​​ပေါ်​နေတဲ့ ကရင်​ပြည်​နယ်​က ရေ​ဘေးပဲဖြစ်​ပါတယ်။ ပရ ဟိတဆိုတာကို ကိုယ်​ကျိုးမကြည့်ဘဲ သတ္တဝါ​တွေအ​ပေါ် ကိုယ်​ချင်းစာနာ စိတ်​နဲ့​ ပေးဆပ်​တဲ့မြင့်​မြတ်​တဲ့အလုပ်​လို့ နားလည်​ထားပါတယ်​။ ပရဟိတ လုပ်​ငန်းကို အားရင်​အားသလို အချိန်​ ပေးပြီးလုပ်​ကိုင်ဖြစ်​ပါတယ်​။ တစ်​ခါ တ​လေ ပရဟိတလုပ်​ဖို့အတွက်​ အချိန် သတ်​သတ်​ပေးတာမျိုးရှိပါတယ်​။ ပရဟိတလုပ်​ရင်း ကြုံ​တွေ့ရတဲ့ခံစား ချက်​ကကြူကြူကူညီ​ပေးလိုက်​လို့ သူ တို့အတွက်​ အဆင်​​ပြေသွားတဲ့ အချိန်​ သူတို့ရင်​ထဲကဖြစ်​​ပေါ်လာတဲ့​ ပျော်​ရွှင်​မှု​လေး​​တွေကိုကြည့်​ပြီး အရမ်း​ပီတိဖြစ်​ရပါတယ်​။ သူတို့​ပျော်​ရွှင်​ပြီး ပြုံး​ပျော်နေတာကိုကြည့်ပြီး ကြူကြူ ပါလိုက်​ပြီး ပျော်​ရွှင်​လာရတဲ့ခံစား ချက်​ကဘာနဲ့မှမတူတဲ့ ခံစားချက် လေးပါ။ ရေ​ဘေးသင့်​ပြည်​သူ​တွေကို ကူညီပြီး အပြန်​ဆိုင်​ကယ်​အက်​ဆီး ဒင့်​ဖြစ်​သွားတဲ့ လူနာ​တွေကို မထင်​မှတ်ဘဲကူညီ​ပေးခဲ့ရတာက ကြူကြူ့ အတွက်​ အမှတ်​တရပါပဲ။ကြူကြူ့အ​နေနဲ့ အကြံ​ပေးချင်​တာက ပရဟိတ လုပ်​ငန်းက ကုသိုလ်​ရပြီး မွန်​မြတ်​တဲ့ အလုပ်​ဖြစ်​တဲ့အတွက်​ မိမိတတ်နိုင်​တဲ့ဘက်​က​နေ ဝိုင်းဝန်းကူညီကြပါလို့ လူငယ်​​တွေကို အကြံပြုချင်​ပါတယ်​။

ခိုင်မာဦး

ပရဟိတဆိုရင် ကိုယ့်ကလည်း သွေးလှူတယ်။ ဒီလိုအချိန်နဲ့ဆို ရေ ဘေးဒုက္ခသည်တွေကို ပရဟိတအ နေနဲ့ ဝိုင်းဝန်းကူညီပေးတယ်။ ဆန်၊ ဆီ၊ ဆားက အစလိုက်လှူပြီးတော့ လုပ်ပေးပါတယ်။ ပရဟိတဆိုတာ လူအများအကျိုးကိုလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ပရဟိတဆိုတာက လမ်း လျှောက်သွားနေရင်တောင် စားဝတ် နေရေး အဆင်မပြေတဲ့လူတွေ အ တွက် ကိုယ့်တတ်နိုင်သလောက် လှူဖြစ်တာကလည်း ဒါဟာ ကိုယ့်ရဲ့ နေ့စဉ်ပရဟိတလေးတွေပါ။ ပရ ဟိတလုပ်ရင်ပျော်ပါတယ်။ ကိုယ့် တတ်နိုင်သလောက် လုပ်နိုင်တဲ့ အတွက်ကြောင့် အရမ်းကိုပီတိ ဖြစ်ရပါတယ်။ ကိုယ့်ရဲ့မွေးနေ့ နှစ် တိုင်းမှာ မိဘကလေးကျောင်းမှ လို အပ်တဲ့ပစ္စည်းအလှူလေးတွေ လုပ် ဖြစ်ပါတယ်။ ကလေးတွေကိုလည်း မုန့်ကျွေးတယ်။ ကိုယ့်ရဲ့ မွေးနေ့မှာ လုပ်ပေးခဲ့တယ်။ လိုအပ်တာတွေ လှူ ရတဲ့အတွက်ပျော်တယ်။ သူတို့တွေ လည်း ဝမ်းသာကြတယ်။ လူငယ်မှ မဟုတ်ဘူး။ လူတိုင်း လူတိုင်းကိုပေါ့ နော်။ ပရဟိတကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ်ချင်းစာတရားနဲ့ အတူ လူသားအားလုံးအတွက် အ ကျိုးရှိမယ့်အလုပ်တွေကို အားလုံး စု ပေါင်းကူညီပေးစေချင်ပါတယ်ရှင့်။

ဇင်မီ

သမီးနာမည်က ဇင်မီပါ။ မိုး တွင်းရာသီဖြစ်တဲ့အတွက် ရေကြီးရေ လျှံမှုတွေကြောင့် ရေဘေးဒုက္ခ ခံစား နေရတဲ့ ဒေသအတွက် ကိုယ်တိုင်ပါ ဝင်ဖို့ အချိန်မရပေမယ့် ဒုက္ခရောက် နေတဲ့ သူတို့လေးတွေ အဆင်ပြေဖို့ လတ် တလောမှာ တတ်နိုင်တဲ့ဘက်က နေ ငွေကြေးလှူဒါန်းခဲ့ပါတယ်။ ကျိုက်ထိုက ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတွေကို ပြုစုဖို့ ပရဟိ တအဖွဲ့မှာ ၃ ရက်တိတိ ကူညီခဲ့ပါ တယ်။ ပရဟိတဆိုတာတကယ့်ရင် ထဲက စေတနာပါမှသာ ကိုယ်တိုင် ရော တခြားသူပါ စစ်မှန်တဲ့ ပျော်ရွှင် မှုရမှာပါ။ ကျောင်းပတ်ဝန်းကျင်မှာ မိုးရွာထဲထိုင်ပြီး တောင်းနေတဲ့ အဘိုး အဘွားတွေကိုတွေ့လို့ အရမ်းသနား လို့ ဖိနပ်တစ်ရန်နဲ့ ထီးလေးတစ်လက် ဒီနေ့ပဲဝယ်ပြီး လှူဖြစ်ခဲ့ပါတယ်။ အဘွားလည်း အရမ်းချမ်းနေမယ် ထင်ပါတယ်။ ပိုက်ဆံ၂၀ဝ၀လည်း ထပ်ပြီး လှူခဲ့ပါသေးတယ်။ သူ့အ တွက် ဒီနေ့လေးတော့ စားဖို့လောက် သွားတာပေါ့။ ဒီနေ့အတွက် အမှတ် တရလေးပါ။ ပရဟိတဆိုတာ အဖွဲ့ အစည်းနဲ့မှ မဟုတ်ပါဘူး။ တစ် ယောက်တည်းလည်း ဒုက္ခရောက်နေ တဲ့ သူကိုတွေ့ရင် တတ်နိုင်သလောက် ကူညီလို့ ရပါတယ်။

မင်းဖြိုးစည်သူခန့်

ကျွန်တော် လတ်တလော လုပ် ကိုင်ဖြစ်နေတဲ့ ပရဟိတကတော့ ရေ ဘေး ကယ်ဆယ်ရေးပါ။ ပရဟိတကို တော့ အများအကျိုးအတွက် ကိုယ် ကျိုး စွန့် အနစ်နာခံပြီး လုပ်ကိုင်နေတဲ့ အလုပ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်က ပရဟိတကို ကျောင်း ပိတ်ရက်တွေမှာ ကူညီပါတယ်။ ဒါ ပေမဲ့ အရေးကြီးနေတဲ့အချိန်တွေ ဆိုရင်တော့ ပရဟိတကို ဦးစားပေး ဖြစ်ပါတယ်။ ပရဟိတလုပ်ရတာ ကျေနပ်ပြီး ပျော်ပါတယ်ဗျ။ တကယ့် ကို အကူညီအလိုနေသူတွေ အဆင် မပြေဖြစ်နေသူတွေကို ကူညီရတာဖြစ် လို့ ပီတိလည်း ဖြစ်ရပါတယ်။ ကျွန် တော့်ရဲ့ အမှတ်တရ ပရဟိတကတော့ မိဘမဲ့ကလေးတွေကို သွားလှူတဲ့အ ချိန်ပါ။ ကလေးတွေလည်း မိဘစုံစုံ လင်လင် နေချင်ရှာမယ်ဆိုတဲ့အတွေး က ဝင်လာပြီး ဝမ်းနည်းပြီး စိတ်မ ကောင်းလည်း ဖြစ်ရပါတယ်။ သူတို့ အတွက်လည်း လိုအပ်တာတွေ လှူ ဖြစ်ခဲ့ပါတယ်။ လူငယ်တွေကိုလည်း ပရဟိတကို နိုင်တဲ့ဘက်က ကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌ မေးမြန်း

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က Facebook၊ YouTube၊ TikTok၊ Telegram နှင့် Viber ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းများတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ နေ့စဉ်တွေ့မြင်နေရပြီး ဝင်ရောက်ဆော့ကစားသူများလည်း များပြားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။ “ဥပဒေအားနည်းချက်များကြောင့်...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup Tasters Championship 2026 ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Specialty Coffee Hub၊ The Secretariat Yangon ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီဝါသနာရှင်များ၊ ကော်ဖီကျွမ်းကျင်သူများ၏ အရသာခံနိုင်စွမ်း...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းများသို့ မြန်မာနိုင်ငံသားဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ကာ ၂၀၂၆ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လျှောက်ထားသူသည် လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် အသက် (၂၅) နှစ်ထက် မကျော်လွန်သူ၊ ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071