Monday, May 4, 2026

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom...

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့်...

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...
HomeNewsLocal Newsလားရှိုးတွင် ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ...

လားရှိုးတွင် ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်

ရှမ်း/မြောက် လားရှိုးမြို့တွင် ကုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်းနှင့် ဝန်ထမ်းမိသားစုများ၊ စစ်ရှောင်မြို့ခံများလည်း ပြန်လည်ဝင်ရောက်အခြေချနေထိုင်နေပြီဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံကြီးကို မေလ ၂ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ပြီး အရေးပေါ်ကုသမှုများ ဆောင်ရွက်နေကာ အခြားသော အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ စည်ပင်သာယာရေးဦးစီးဌာနတို့လည်း လုပ်ငန်းများစတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ဆိုသည်။

” ဝန်ထမ်းမိသားစု‌တော်တော်များများလည်း ပြန်ရောက်ပြီ၊ မြို့ခံတော်တော်များများလည်း ပြန်ရောက်ပြီ။ မြို့တွင်းတော့ လျှပ်စစ်မီးမရသေးဘူး။ တဖြည်း ဖြည်းတော့ပြန်ရလာမယ်ထင်တယ်။”ဟု ရှင်းပြသည်။

လားရှိုးမြို့တွင် နစက ကပြန်လည်အခြေချရန် ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်အတွင်း ကိုးကန့်တပ်ဖြင့် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများအပြီး ဧပြီ (၂၂) ရက်နေ့တွင် တပ်မတော်နှင့် ဌာနဆိုင်ရာများ လားရှိုးမြို့သို့ပြန် လည်ဝင်ရောက်လာခဲ့သည်။

ထို့နောက် မေ(၁)ရက်နေ့မှစတင်၍ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်များအရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းများပြန်လည်ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

လားရှိုးမြို့‌သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေမည့် ခိုးဆိုးလုယက် အနိုင့်အထက် တရားဥပဒေမဲ့ကျူးလွန်မှုများနှင့်စပ်လျဥ်းပြီး မြို့မရဲစခန်းသို့ လူကိုယ်တိုင်လာရောက်၍ သတင်းပေးတိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့ မေ ၄ ရက်ကစတင် ဖြေဆိုသူ(၂၂၉)ဦးရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉ နာရီမှစတင် ၍ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။ မြန်မာစာဘာသာရပ်အား အ.ထ.က(သပိတ်ကျင်း)တွင် ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ အ.ထ.က(၁)မိုးကုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးဖြေဆိုခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည် ရွယ်၍ မေ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်ခြင်းမပြုရန် သင်္ဘောများကို အီရန်တိုက်တွန်း

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဌာနချုပ်မှ တပ်မှူး Ali Abdollahi က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဟော်မုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို အစွမ်းကုန်ဆောင်ရွက်နေပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့အတွက် ဟော်မုဇ် ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာဖို့ မကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom တွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောဖြင့် လိုက်ပါစောင့်ရှောက်ရန် အစီအစဉ်မရှိ

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့် လိုက်ပါစောင့်ရှောက်ပေးမည့် တာဝန်များ မပါဝင်ကြောင်း၊ သို့သော် သင်္ဘောသားများအတွက် ဘေးကင်းပြီး မိုင်းအန္တရာယ်ကင်းစင်သော ရေလမ်းကြောင်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Axios သတင်းဌာန၏ သတင်းထောက် Barak Ravid က ပြောကြားသည်။ သူက X လူမှုကွန်ရက်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ "အမေရိကန် အရာရှိနှစ်ဦးရဲ့ အဆိုအရ ဟော်မုဇ် ရေလက်ကြား စီမံချက်အသစ်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071