Friday, August 7, 2026

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...
HomeInternationalလာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့တွင်ပင် အရက်အဆိပ်သင့်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိလာခဲ့သည်။

အသက် ၁၉ နှစ်အရွယ် ဘီယန်ကာ ဂျုံးစ်သည် လာအိုမြို့တော် ဗီယန်ကျင်းမှ ကားလမ်းခရီးဖြင့် နှစ်နာရီခန့်သွားရသည့် နာမည်ကျော် ခရီးသွားမြို့ Vang Vieng တွင် ပြီးခဲ့သည့် သီတင်းပတ်၌ နာမကျန်းဖြစ်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်တွင် သူ့ကို အိမ်နီးချင်းထိုင်းနိုင်ငံ Udon Thani ပြည်နယ်ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ကုသခဲ့ပြီးနောက် ကြာသပတေးနေ့(နိုဝင်ဘာ ၂၁) တွင် သေဆုံးခဲ့ခြင်း့ဖြစ်သည်ဟု ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

သူသည် အရက်အတုသောက်သုံးမိရာမှ မက်သနော အဆိပ်သင့်သေဆုံးရခြင်းဖြစ်သည်ဟု သူ့ကို စစ်ဆေးခဲ့သည့် ဆရာဝန်က ပြောဆိုကြောင်း ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။

“သူ့ ခန္ဓာကိုယ်ထဲမှာ မီသနောပမာဏ မြင့်မားနေတာကြောင့် ဦးနှောက်ကို ရောင်ရမ်းစေခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

ဂျုံးစ်သည် ဒိန်းမတ်နှစ်ဦးနှင့် အမေရိကန်တစ်ဦးပြီးလျှင် အဆိပ်သင့်အရက်ကြောင့် သေဆုံးရသည့် စတုတ္ထမြောက်နိုင်ငံခြား ခရီးသွားဖြစ်သည်ဟု သြစတြေးလျမီဒီယာက ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ပင်ဖြစ်သော ဂျုံးစ်၏ သူငယ်ချင်း ဟိုလီဘိုးလက်စ်သည်လည်း ဘန်ကောက်ရှိ ဆေးရုံတစ်ခုတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် တက်ရောက်နေရကာ အောက်ဆီဂျင်ပေးထားရသည်ဟု သူမ၏ မိသားစုက အစောပိုင်းတွင် ပြောဆိုထားသည်။

လာအိုနိုင်ငံတွင် အရက်တုကိစ္စသည် ပြဿနာတစ်ရပ်ဖြစ်နေပြီး ယင်းနိုင်ငံတွင် အရက်သေစာ သောက်သုံးပါက သတိပြုကြရန် သြစတြေးလျနှင့် ဗြိတိန်အစိုးရများက ၎င်းတို့နိုင်ငံသားများကို သတိပေးထားသည်။

Ref: အေပီ။ ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ ဝယ်ယူနိုင်ရန် စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင် လိုအပ်သည့် ပမာဏအတိုင်း လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ ထို့အပြင် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ကယ်ဆယ်ရေးလှေများအတွက် ဓာတ်ဆီ ၂၆၅ ဂါလံနှင့် ဒီဇယ်ဆီ ၁၃ ဂါလံတို့ကို အခမဲ့ ခွဲဝေပေးခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071