Friday, May 15, 2026

မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန်...

မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန်...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)...

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင်...
HomeInternationalလာမယ့်အပတ်အတွင်း ဇလန်းစကီး နဲ့...

လာမယ့်အပတ်အတွင်း ဇလန်းစကီး နဲ့ အမေရိကန်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ထရမ့်ပြောကြား

လာမယ့်အပတ်အတွင်း ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုကို ဝါရှင်တန်မှာ ပြုလုပ်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က လာမယ့်အပတ်မှာ ဇလန်းစကီး နဲ့ တွေ့ဆုံဖို့ ရှိနိုင်ပါတယ်၊ ပြီးတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့လည်း စကားပြောဖို့ ရှိနိုင်ပါတယ်” လို့ အမေရိကန်ခေါင်းဆောင်က ဂျပန်ဝန်ကြီးချုပ် နဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ “ဇလန်းစကီး က လာမယ့်အပတ်မှာ ကျွန်တော့်နဲ့ တွေ့ဆုံနိုင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ ဒီမှာပါပဲ။”လို့လဲ သူကပြောပါတယ်။

အမေရိကန်သမ္မတက ဒီဆွေးနွေးပွဲကို သူ့ရဲ့အိမ်မှာ ပြုလုပ်ဖို့ စိတ်ဝင်စားပုံရပြီး “ဝါရှင်တန်မှာ ဖြစ်နိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “ကျွန်တော်က ယူကရိန်းကိုသွားမှာ မဟုတ်ဘူး” လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

သူနဲ့ ပူတင်တို့ ဘယ်အချိန်မှာ စကားပြောမလဲဆိုတာကို ထရမ့်က မပြောခဲ့ပါဘူး။

သူက ယူကရိန်းအရေးအခင်းက စတင်ခဲ့တဲ့အချိန်မှာ သူသာသမ္မတဖြစ်နေခဲ့ရင် ဒီပြဿနာ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

“မဝေးတော့တဲ့ အနာဂတ်မှာ” ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း သူက အရင်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းမှာ ငြိမ်းချမ်းရေးဖြစ်စေဖို့ အတွက် အခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားခဲ့ရာမှာ ယူကရိန်းတပ်တွေကို Donbass နဲ့ Novorossiya ကနေ ရုပ်သိမ်းဖို့၊ ယူကရိန်း က NATO မှာ မပါဘူးဆိုတာ ကတိပြုဖို့ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရုရှားစကားပြောတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားတွေကိုလည်း ယူကရိန်းမှာ အပြည့်အဝ ကာကွယ်ပေးဖို့ လိုအပ်‌ကြောင်း၊ ရုရှားအ‌ပေါ်အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းဖို့နဲ့ ယူကရိန်းကို ဘက်မလိုက်တဲ့ နိုင်ငံအဖြစ် ကြေငြာဖို့လည်း လိုအပ်‌ကြောင်း သူက ယူဆပါတယ်။

ယူကရိန်းပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးပွဲတွေကို ရုရှားနဲ့ အမေရိကန်ကြားမှာ ပြုလုပ်သင့်ပြီး ယူကရိန်းက သာမန်ပါဝင်မှုသာ ရှိသင့်ကာ ဥရောပနိုင်ငံ‌တွေကတော့ မပါဝင်သင့်ဘူးဆိုတဲ့ အမြင်တွေကို အနောက်မီဒီယာတွေမှာ စတင်ဖော်ပြလာကြတာကို တွေ့ရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန် မိုး/ဇလ သတိပေးနှိုးဆော်

မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ (၁၅) ရက်တွင် အသိပေးနှိုးဆော်ထားသည်။ နေ့အပူချိန်များ မြင့်တက်ခဲ့ခြင်း‌ကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ၏ အကျိုးဆက်အနေဖြင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် တစ်နာရီ မိုင် (၄၀) မှ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်းနှင့် ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းများ၊ နေရာကွက်ကျား မိုးသီးကြွေနိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့မိုးကြိုကာလဖြစ်စဉ်များကြောင့် မိဘပြည်သူများအနေဖြင့် လေပြင်းတိုက်စဉ်သစ်ပင်အောက်၊...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန် အဖွဲ့ချုပ်ထံ အယူခံဝင်ထားဟုဆို

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ထံ အယူခံလွှာကို တရားဝင် တင်သွင်းထားကြောင်း ယနေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြလာသည်။ မောင်မောင်လွင်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ရာသီပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိတ်သတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ် အဖွဲ့ချုပ်က ပြစ်ဒ-ဏ်ချခဲ့စဉ် လက်ရွေးစင်အသင်းက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်း၏ ဆုံးဖြတ်ချက်မှာ မှာ ယွင်းခဲ့ကြောင်း ပြန်လည်ပြောကြားလာခြင်းဖြစ်ပြီး ခဏတာစိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည့်အပေါ် နားလည်ပေးရန်နှင့် အမိနိုင်ငံအတွက် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ၎င်းက...

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ကိုးနှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထရမ့်ပ်၏ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ လာမည့်သုံးနှစ်နှင့် ထိုထက်ကျော်လွန်သော ကာလများအထိ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071