Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal Newsလာမည့် ရွေးကောက်ပွဲ၌ အထွေထွေ...

လာမည့် ရွေးကောက်ပွဲ၌ အထွေထွေ ရွေးကောက်ပွဲဖြစ်သဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရမည်ဟုပြောကြား

(Unicode)

လာမည့် ရွေးကောက်ပွဲ၌ အထွေထွေ ရွေးကောက်ပွဲဖြစ်သဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရမည်ဟုပြောကြား

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေ များ သိရှိနားလည်သဘောပေါက်ဖို့လိုသည်ဟု နစကဥက္ကဋ္ဌက တြိဂံဒေသတိုင်းစစ်ဌာနချုပ် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဖေဖော်ဝါရီ၁၆ရက်က သီးခြားစီ တွေ့ဆုံ စဉ်ပြောဆိုခဲ့သည်။

ယင်းအပြင် NLD ပါတီကိုရွေးကောက်ပွဲသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည့်အကြောင်းနှင့် မဲကိစ္စကြောင့်သာ ၂၀၀၈အခြေခံဥပဒေအရ လက်ရှိတွင် တပ်မတော်က မလွဲသာမရှောင်သာဘဲတာဝန်ယူနေရသည့်အကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ အထိ ကုန်သွယ်မှုလိုငွေ အမေ ရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိခဲ့သည့်အကြောင်းနှင့် ယခု ၂၀၂၁ မှစ၍ ကုန်သွယ်မှုပိုငွေရှိအောင် ဆောင်ရွက်ခဲ့သည့်အကြောင်းနှင့်ကိုဗစ် – ၁၉ ရောဂါကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ရေးသည်လည်း အထိုက်အလျောက် တိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်းပါ ပြောဆိုခဲ့သည်။

ကုန်သွယ်မှုများနှင့်ပတ်သက်၍ နစက၏ ယာယီစာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန် ဒေါ်လာ ၁၅.၃၆ ဘီလီယံ၊ သွင်းကုန် ဒေါ်လာ ၁၄.၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀.၀၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၇၇ သန်းကျော် ရှိထားသည်ဟုသိရသည်။

နစကဥက္ကဌကဆက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် တည်ငြိမ် အေးချမ်းမှုရှိရန်လိုပြီး၊ လာမည့် ရွေးကောက်ပွဲ၌ အထွေထွေ ရွေးကောက်ပွဲဖြစ်သဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရမည်ဟုလည်းပြောဆိုခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲ၌ တရားမျှတမှုနှင့် ခြိမ်းခြောက်မှု မရှိစေရေး လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းရန် လိုသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကာ၊ နိုင်ငံရေးနှင့် လုံခြုံရေးအရ အမြန်ဆုံး တည်ငြိမ်မှုရရှိရေး ကြိးပမ်းနေကြောင်းပါ ပြောဆိုခဲ့သည်။

(Zawgyi)

လာမည့္ ေ႐ြးေကာက္ပြဲ၌ အေထြေထြ ေ႐ြးေကာက္ပြဲျဖစ္သျဖင့္ တစ္ႏိုင္ငံလုံး အၾကားအလပ္မရွိ က်င္းပႏိုင္ရမည္ဟုေျပာၾကား

တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ(၂၀၀၈) ႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ရသည္ကို အရာရွိ၊ စစ္သည္၊ ရဲေမ မ်ား သိရွိနားလည္သေဘာေပါက္ဖို႔လိုသည္ဟု နစကဥကၠ႒က ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ မိုင္းခတ္တပ္နယ္ႏွင့္ မိုင္းေယာင္း တပ္နယ္တို႔မွ အရာရွိ၊ စစ္သည္ မိသားစုဝင္မ်ားႏွင့္ ေဖေဖာ္ဝါရီ၁၆ရက္က သီးျခားစီ ေတြ႕ဆုံ စဥ္ေျပာဆိုခဲ့သည္။

ယင္းအျပင္ NLD ပါတီကိုေ႐ြးေကာက္ပြဲသို႔ ဝင္ေရာက္ႏိုင္ေရး ေဆာင္႐ြက္ေပးခဲ့သည့္အေၾကာင္းႏွင့္ မဲကိစၥေၾကာင့္သာ ၂၀၀၈အေျခခံဥပေဒအရ လက္ရွိတြင္ တပ္မေတာ္က မလြဲသာမေရွာင္သာဘဲတာဝန္ယူေနရသည့္အေၾကာင္းလည္း ထည့္သြင္းေျပာဆိုခဲ့သည္။

ထို႔ေနာက္ ၂၀၁၁ ခုႏွစ္မွ ၂၀၂၁ အထိ ကုန္သြယ္မႈလိုေငြ အေမ ရိကန္ ေဒၚလာ ၂၅ ဘီလီယံခန႔္ရွိခဲ့သည့္အေၾကာင္းႏွင့္ ယခု ၂၀၂၁ မွစ၍ ကုန္သြယ္မႈပိုေငြရွိေအာင္ ေဆာင္႐ြက္ခဲ့သည့္အေၾကာင္းႏွင့္ကိုဗစ္ – ၁၉ ေရာဂါေၾကာင့္ က်ဆင္းခဲ့သည့္ ႏိုင္ငံ၏ စီးပြားေရးျပန္လည္ဦးေမာ့ေရးသည္လည္း အထိုက္အေလ်ာက္ တိုးတက္ ေကာင္းမြန္လာၿပီျဖစ္ေၾကာင္းပါ ေျပာဆိုခဲ့သည္။

ကုန္သြယ္မႈမ်ားႏွင့္ပတ္သက္၍ နစက၏ ယာယီစာရင္းမ်ားအရ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ ျမန္မာႏိုင္ငံ၏ ျပည္ပကုန္သြယ္မႈစာရင္းအရ ပို႔ကုန္ ေဒၚလာ ၁၅.၃၆ ဘီလီယံ၊ သြင္းကုန္ ေဒၚလာ ၁၄.၆၉ ဘီလီယံ၊ ကုန္သြယ္မႈပမာဏ ေဒၚလာ ၃၀.၀၅ ဘီလီယံျဖစ္ၿပီး ကုန္သြယ္မႈပိုေငြ ေဒၚလာ ၆၇၇ သန္းေက်ာ္ ရွိထားသည္ဟုသိရသည္။

နစကဥကၠဌကဆက္၍ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္အတြက္ တည္ၿငိမ္ ေအးခ်မ္းမႈရွိရန္လိုၿပီး၊ လာမည့္ ေ႐ြးေကာက္ပြဲ၌ အေထြေထြ ေ႐ြးေကာက္ပြဲျဖစ္သျဖင့္ တစ္ႏိုင္ငံလုံး အၾကားအလပ္မရွိ က်င္းပႏိုင္ရမည္ဟုလည္းေျပာဆိုခဲ့သည္။

ထို႔အျပင္ ေ႐ြးေကာက္ပြဲ၌ တရားမွ်တမႈႏွင့္ ၿခိမ္းေျခာက္မႈ မရွိေစေရး လက္နက္ကိုင္ပဋိပကၡမ်ားလည္း ခ်ဳပ္ၿငိမ္းရန္ လိုသျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို အားသြန္ခြန္စိုက္ေဆာင္႐ြက္လ်က္ရွိကာ၊ ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးအရ အျမန္ဆုံး တည္ၿငိမ္မႈရရွိေရး ႀကိးပမ္းေနေၾကာင္းပါ ေျပာဆိုခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071