ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ်အားပြန်လည်တည်ထားကိုးကွယ်သွားမည်ဖြစ်၍ ပထမအကြိမ်အလှူတော်ငွေပေးအပ်ပွဲကို ယနေ့ အောက်တိုဘာ ၂ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။
ပထမအကြိမ်အလှူငွေအဖြစ် လှရတနာဆရာတော်မှ အလှူငွေကျပ်(၁၀၈)သိန်း၊ ပဲခူးတိုင်းအစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၁၀၀)တို့အပါအဝင် အလှူရှင်များက အလှူငွေကျပ်(၂,၅၁၂ သိန်း ၅ သောင်း)နှင့် ယွမ်(၂,၀၀၀) တို့အားလှူဒါန်းခဲ့ကြသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်မှ ငါးပါးသီလ၊ ရန်ကုန်တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကဝမ်းမြောက်စကား၊ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များက မေတ္တာပို့ဆုတောင်းဂါထာတော်များ၊ လှရတနာဆရာတော်က အနုမောဒနာတရားတို့ဟောကြားချီးမြှင့်ပေးတော်မူခဲ့ကြသည်။
