Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsရွှေသင်္ကန်းကပ်လှူနေ၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံတက်ခွင့်...

ရွှေသင်္ကန်းကပ်လှူနေ၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံတက်ခွင့် ယာယီပိတ်ထား

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းကပ်လှူနေသောကြောင့် အထက်ပစ္စယံတက်ခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။

“ရွှေသင်္ကန်းကပ်လို့ ပြီးသွားမှပဲ ပြန်ပြီးတော့ တက်ခွင့်ပေးဖို့ရှိပါတယ်” ဟု ရွှေတိဂုံစေတီတော်ရှိ ဝေယျာဝစ္စအသင်းအဖွဲ့များထံမှ သိရသည်။

ရွှေတိဂုံစေတီတော်တွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနေသောကြောင့် အထက်ပစ္စယံသို့ တက်ရောက်၍ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းတို့အပြင် အထက်ပစ္စယံရှိ ရုပ်ပွားတော်များနှင့် အရံစေတီများကို ဖူးမျှော်ခွင့်ကိုလည်း ပိတ်ထားခြင်း ဖြစ်သည်။

ထိုနည်းတူ အထက်ပစ္စယံသို့ တက်ရောက်ရန်အတွက်တက်ရောက်ခွင့်ကတ်ပြားလျှောက်လွှာတင်ခြင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

အထက်ပစ္စယံသို့ တက်ရောက်ခွင့် ကတ်ပြားပြုလုပ်လိုပါက လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရဲစခန်းထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာများလိုအပ်ပြီး ရွှေတိဂုံ စေတီ၏ တောင်ဘက်မုခ်၊ ဓာတ်လှေကားဂိတ်ရှိ ရောင်တော်ဖွင့်တန်ဆောင်းတွင် အလှူငွေထည့်ကာ လျှောက်လွှာတင်ရခြင်းဖြစ်သည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရန်အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၁၉) ရက်က ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာများ၌ ငြမ်းစေတီများ စတင်တည်ဆောက်ကာ ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းနေခြင်း ဖြစ်သည်။

ရွှေတိဂုံစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် ရွှေစင်ရွှေပြား (၁၀)လက်မ ပတ်လည် ရွှေ(၁)ကျပ်သား တစ်ချပ်လျှင် ကျပ် (၂၅) သိန်း၊ ရွှေစင် ရွှေပြား (၁)ပေပတ်လည် ရွှေ(၆)ကျပ်သား တစ်ချပ်လျှင် ကျပ်သိန်း (၁၅၀) ဖြင့် ကုသိုလ်ယူပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071