Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsရွှေဘိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာသူ၊ရွာသား...

ရွှေဘိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာသူ၊ရွာသား ထောင်ကျော်ဘေးလွတ်ရာတိမ်းရှောင်

(Unicode)

ရွှေဘိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာသူ၊ရွာသား ထောင်ကျော်ဘေးလွတ်ရာတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်ရှိ ကျေး ရွာအချို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာနိုင်သဖြင့် ကျေးရွာ ၁၀ ရွာကျော်မှရွာသူ၊ရွာသား ၅၀၀၀ ကျော်သည် နေအိမ်များအားစွန့်ခွာတိမ်းရှောင်မှုများရှိသည်ဟု သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ဂွေးပင်ကုန်း၊မောင်းတက်၊အုန်းပေါက်၊သဲကုန်း၊ရွာသစ်ကုန်း၊ငပိအိုး၊ကံကြီးကုန်း၊တကံသာ၊ဆည်ကြီး၊ကြိုးကြာ၊နှမစားရစ် အစရှိသည့် ကျေးရွာများမှရွာသူ၊ရွာသားများ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ထို့ပြင် ငါးပိအိုး၊ဂွေးပင်ကုန်းနှင့်နှမစားရစ်ကျေး ရွာများတွင် ဖေဖော်ဝါရီ ၂၄ ရက်ညနေပိုင်းမှစ တင်၍ နေအိမ်အချို့မီးရှို့ဖျက်ဆီးခံရမှုများလည်းဖြစ်ပေါ်လျက်ရှိသဖြင့် ရွာလုံးကျွတ်တိမ်း ရှောင်ခဲ့ရသည်ဟု သိရသည်။

“တိုက်ပွဲဖြစ်လာမှ အိမ်ကနေရှောင်မယ်ဆိုရင် ရှောင်တိမ်းဖို့မလွယ်ကြတာကြောင့် တိုက်ပွဲဖြစ် လာနိုင်တဲ့အနေအထားရှိပြီဆိုတာနဲ့ ချက်ခြင်းရှောင်ပြေးလာကြတာ တိုက်ပွဲလွတ်ကင်းမယ်ထင်ရတဲ့နေရာတွေမှာယာယီတဲတွေထိုးပြီးနေရတာပေါ့”ဟုစစ်ဘေးရှောင်ရွာသားတစ်ဦးကပြော သည်။

နေအိမ်များအား စွန့်ခွာတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များသည် ရွှေဘိုခရိုင်အတွင်းရှိ နီးစပ်ရာမြို့နယ်များသို့ ရောက်ရှိတိမ်းရှောင်သူများရှိကာ အချို့ကျေးရွာသားများမှာ တောထဲနှင့်မြေနေရာလွတ်များ၌ ယာယီတဲများဆောက်လုပ်နေ ထိုင်သူများလည်းရှိကြောင်း သိရသည်။

“မြို့ပေါ်က အမျိုးတွေအိမ်သွားနေတာရှိသလို ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာအကူအညီတောင်းပြီးနေကြတဲ့လူတွေလည်းရှိတယ် ဒီပဲယင်းမြို့နယ်ဘက်ကိုသွားကြတာများတယ်”ဟုစစ်ဘေးရှောင်ကျေးရွာသားတစ်ဦးကပြောသည်။

နေအိမ်များအားစွန့်ခွာတိမ်းရှောင်လာသူများအား ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးမှ စားနပ် ရိက္ခာများထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။

Photo-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

(Zawgyi)

ေ႐ႊဘိုၿမိဳ႕နယ္ရွိ ေက်း႐ြာအခ်ိဳ႕တြင္ ႐ြာသူ၊႐ြာသား ေထာင္ေက်ာ္ေဘးလြတ္ရာတိမ္းေရွာင္

စစ္ကိုင္းတိုင္း၊ေ႐ႊဘိုခ႐ိုင္၊ေ႐ႊဘိုၿမိဳ႕နယ္ရွိ ေက်း ႐ြာအခ်ိဳ႕တြင္ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ေပၚလာႏိုင္သျဖင့္ ေက်း႐ြာ ၁၀ ႐ြာေက်ာ္မွ႐ြာသူ၊႐ြာသား ၅၀၀၀ ေက်ာ္သည္ ေနအိမ္မ်ားအားစြန္႔ခြာတိမ္းေရွာင္မႈမ်ားရွိသည္ဟု သိရသည္။

ေ႐ႊဘိုၿမိဳ႕နယ္အတြင္းရွိ ေဂြးပင္ကုန္း၊ေမာင္းတက္၊အုန္းေပါက္၊သဲကုန္း၊႐ြာသစ္ကုန္း၊ငပိအိုး၊ကံႀကီးကုန္း၊တကံသာ၊ဆည္ႀကီး၊ႀကိဳးၾကာ၊ႏွမစားရစ္ အစရွိသည့္ ေက်း႐ြာမ်ားမွ႐ြာသူ၊႐ြာသားမ်ား တိမ္းေရွာင္ေနရျခင္းျဖစ္သည္။

ထို႔ျပင္ ငါးပိအိုး၊ေဂြးပင္ကုန္းႏွင့္ႏွမစားရစ္ေက်း ႐ြာမ်ားတြင္ ေဖေဖာ္ဝါရီ ၂၄ ရက္ညေနပိုင္းမွစ တင္၍ ေနအိမ္အခ်ိဳ႕မီးရႈိ႕ဖ်က္ဆီးခံရမႈမ်ားလည္းျဖစ္ေပၚလ်က္ရွိသျဖင့္ ႐ြာလုံးကြၽတ္တိမ္း ေရွာင္ခဲ့ရသည္ဟု သိရသည္။

“တိုက္ပြဲျဖစ္လာမွ အိမ္ကေနေရွာင္မယ္ဆိုရင္ ေရွာင္တိမ္းဖို႔မလြယ္ၾကတာေၾကာင့္ တိုက္ပြဲျဖစ္ လာႏိုင္တဲ့အေနအထားရွိၿပီဆိုတာနဲ႔ ခ်က္ျခင္းေရွာင္ေျပးလာၾကတာ တိုက္ပြဲလြတ္ကင္းမယ္ထင္ရတဲ့ေနရာေတြမွာယာယီတဲေတြထိုးၿပီးေနရတာေပါ့”ဟုစစ္ေဘးေရွာင္႐ြာသားတစ္ဦးကေျပာ သည္။

ေနအိမ္မ်ားအား စြန္႔ခြာတိမ္းေရွာင္လာရသည့္ စစ္ေဘးေရွာင္မ်ားသည္ ေ႐ႊဘိုခ႐ိုင္အတြင္းရွိ နီးစပ္ရာၿမိဳ႕နယ္မ်ားသို႔ ေရာက္ရွိတိမ္းေရွာင္သူမ်ားရွိကာ အခ်ိဳ႕ေက်း႐ြာသားမ်ားမွာ ေတာထဲႏွင့္ေျမေနရာလြတ္မ်ား၌ ယာယီတဲမ်ားေဆာက္လုပ္ေန ထိုင္သူမ်ားလည္းရွိေၾကာင္း သိရသည္။

“ၿမိဳ႕ေပၚက အမ်ိဳးေတြအိမ္သြားေနတာရွိသလို ဘုန္းႀကီးေက်ာင္းေတြ စာသင္ေက်ာင္းေတြမွာအကူအညီေတာင္းၿပီးေနၾကတဲ့လူေတြလည္းရွိတယ္ ဒီပဲယင္းၿမိဳ႕နယ္ဘက္ကိုသြားၾကတာမ်ားတယ္”ဟုစစ္ေဘးေရွာင္ေက်း႐ြာသားတစ္ဦးကေျပာသည္။

ေနအိမ္မ်ားအားစြန္႔ခြာတိမ္းေရွာင္လာသူမ်ားအား ဒီပဲယင္းၿမိဳ႕နယ္စစ္ေရွာင္ေထာက္ပံ့ေရးမွ စားနပ္ ရိကၡာမ်ားေထာက္ပံ့ေပးခဲ့ၾကသည္ဟု သိရသည္။

Photo-ဒီပဲယင္းၿမိဳ႕နယ္စစ္ေရွာင္ေထာက္ပံ့ေရး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071