စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့တို့ရှိ အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံမှုရှိစေရန် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေဘိုမြို့နယ်ရှိ အတန်းတင်စာမေးပွဲနှင့် တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က( ၁ )၊ အ. ထ.က(၂)၊ အ. ထ.က(၃)၊ အ.ထ.က(၅)၊ မုံရွာမြို့ နယ်ရှိ အ.ထ. က(၁)(အလုံ)၊ အ.မ.က(၇)၊ အ.ထ. က(၁၊ ၂၊ ၃၊ ၇)ကျောင်းများအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများ၌ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးကြိုးနှင့် မိန်းခလုတ်ခုံများကောင်းမွန်ခြင်းရှိ/မရှိ၊ မီးသတ်ဆေးဘူးများနှင့် မီးချိတ်/မီးကတ်များကောင်းမွန်ခြင်းရှိ/မရှိ၊ မီးငြှိမ်းသတ်ရန် ရေရရှိနိုင်မှုအခြေအနေတို့ကိုစစ်ဆေးပြီး အကြံပြုမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
