Friday, June 19, 2026

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ...

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍...
HomeNewsLocal Newsရွှေတုံးရွှေခဲများ ရောင်းချရာတွင် ကျပ်သိန်း...

ရွှေတုံးရွှေခဲများ ရောင်းချရာတွင် ကျပ်သိန်း (၂၀၀) အထက်အရောင်းအဝယ်များ ဘဏ်စနစ်ဖြင့်သာ ငွေပေးချေရန် ဗဟိုဘဏ်ပြော

ရွှေတုံးရွှေခဲများ ရောင်းချရာတွင် ကျပ်သိန်း (၂၀၀) အထက်အရောင်းအဝယ်များ ဘဏ်စနစ်ဖြင့်သာ ငွေပေးချေရန် ဗဟိုဘဏ်ပြော


ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေတုံး၊ရွှေခဲ ရောင်းချခြ င်းပြုလုပ်ရာတွင် ကျပ်သိန်း(၂၀၀) အထက်အရောင်း အဝယ်ပြုလုပ်မှုများကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း တရားမဝင်ရောင်းဝယ်မှုများ မရှိစေရေး အစိုးရ၏ ထိန်း‌ ကြောင်းမှုများထဲတွင် အတုံး၊အခဲရောင်းဝယ်မှုများအား ဘဏ်စနစ်ဖြင့် ဆောင်ရွက်ကြရန် အစိုးရက စီစဉ်ညွှန်ကြားနေခြင်းလည်း ဖြစ်သည်။

“ရွှေတုံးရွှေခဲများ အရောင်းအဝယ် ပြုလုပ်ရာမှာ ကျပ်သိန်း(၂၀၀) အထက်ပိုတဲ့ ဝယ်ယူရောင်းချခြင်းတွေ လုပ်ရင် ရွှေတုံးရွှေခဲ ရောင်းချသူများနဲ့ ဝယ်ယူသူများရဲ့ဘဏ်မှာရှိတဲ့ Special အကောင့်များကို အသုံးပြုပြီး ငွေပေး ချေသွားရန် ဖြစ်ပါတယ်” ဟု ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန် ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောသည်။

အဆိုပါ ညွှန်ကြားချက်မှာ ဗဟိုဘဏ်၏ အမိန့်အမှတ် ၄၃/၂၀၂၁ ခုနှစ်အရ ကုန်ပစ္စည်း ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာတွင် ငွေကျပ် သိန်း(၂၀၀) အထက် ဆောင်ရွက်မှုများအား ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေကြရန်ဆိုသည့် ညွှန်ကြားချက်နည်းတူ လုပ်ဆောင်ကြရန် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ ရွှေတုံးရွှေခဲ ရောင်းဝယ်မှုတွင် အများစုမှာ သက်ဆိုင်ရာ ရွှေအသင်းများမှတဆင့် ရွှေပြ၊ ငွေပြ ရောင်းဝယ်မှုစနစ်ဖြင့် အရော င်းအဝယ်ပြုလုပ်ပြီး လက်ရှိနိုင်ငံခြားငွေ ပေါက်ဈေးအ ပေါ်တွက်ချက်ကာ ဈေးနှုန်းသတ်မှတ်ရောင်းဝယ်ကြကြောင်းလည်း သိရသည်။

ယင်းသို့အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း တရားမဝင် ရောင်းဝယ်ခြင်းများ၊ ဈေးကစားခြင်းများ၊ နယ်စပ်ဖြတ်ကျော်အရောင်းအဝယ်ပြုလုပ်ခြင်းများ၊ ငွေကြေးခဝါချမှုများ မလုပ်ဆောင်နိုင်ရန် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ဖြည်သွင်းခြင်းများဖြင့် မှတ်တမ်းရယူထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင်...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏ အိမ်သုံးစမတ်စွမ်းအင်စနစ်များ မကြာမီခေတ်စားလာဖွယ်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကားထုတ်လုပ်ရုံတင်မကဘဲ ၎င်းတို့၏ အဆင့်မြင့်ဘက်ထရီနည်းပညာများကို အခြေခံကာ အိမ်သုံးစွမ်းအင်သိုလှောင်မှုစနစ် (Home Energy Storage) ကဏ္ဍထဲအထိ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် LEAPMOTOR က ပြသထားသည့် အိမ်သုံးအဆင့်မြင့် စမတ်စွမ်းအင်နှင့် ဘက်ထရီသိုလှောင်မှုစနစ်သည် နည်းပညာလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇွန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071