ရုပ်ရှင်ဒါရို-က်တာ(၂)ဦးဖြစ်သည့် ဒါရို-က်တာသက်လွင် (ခ)ဇမ္ဗူထွန်းသက်လွင်နှင့် ဒါရို-က်တာအောင်ချမ်းလူ (ခ)အေးချမ်းအောင်တို့အား ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားမှုကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားသည့်အပေါ် ထောက်ခံခဲ့ကြသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
