တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ထိပါ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။
ယမန်နေ့ ဩဂုတ်လ(၁၃)ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုပြင် ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်းပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျ-က်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကိုလည်း ဇူလိုင်လ (၂၉)ရက်က ပြဌာန်းထားပြီးဖြစ်သည်။
