ဓာတ်သတ္တုတူးဖော်ရေးကိစ္စရပ်များဆွေးနွေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ရော့စ်ကွန်ဂရက်စ်ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍနှင့် အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
