မော်လိုက်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၇ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မော်လိုက်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၄) မိုင်ခန့်အကွာ၊ အနက် (၁၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင် အားမဂ္ဂနီကျူ့ (၃ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် နံနက် ၁၁ နာရီ ၄၂ မိနစ် ၂၇ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
