Home International ရေလက်ကြားတွင်သင်္ဘောနှစ်စင်းတို-က်ခိုက်ခံရ၍အထူးစိုးရိမ်ကြောင်း အိန္ဒိယပြောကြား

ရေလက်ကြားတွင်သင်္ဘောနှစ်စင်းတို-က်ခိုက်ခံရ၍အထူးစိုးရိမ်ကြောင်း အိန္ဒိယပြောကြား

0
72

       
စနေနေ့(ဧပြီလ ၁၈ရက်နေ့) က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားနေသော အိန္ဒိယအလံတင် သင်္ဘောနှစ်စင်း တို-က်ခိုက်ခံရသဖြင့် အလွန်စိုးရိမ် မကင်းဖြစ်ကြောင်းကို အိန္ဒိယအစိုးရက နူးဒေလီရှိ အီရန်သံအမတ်ကြီးကို ဆင့်ခေါ်၍ ပြောကြားခဲ့သည်။
       
တို-က်ခိုက်ခံခဲ့ရသော သင်္ဘောများအနက် တစ်စင်းသည် Sanmar Herald သင်္ဘောဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုက ထုတ်ဖော်ပြောဆိုသည်။
      
သင်္ဘောအမှုထမ်းများနှင့် သင်္ဘောသည် ဘေးကင်းကြောင်းလည်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
       
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိက ယခုကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ၏ သဘောထားအမြင်ကို အီရန်အာဏာပိုင်များထံ ပြောပြရန်နှင့် အိန္ဒိယသို့ ဦးတည်သည့် သင်္ဘောများ ရေလက်ကြားကို လွယ်ကူချောမွေ့စွာဖြတ်သန်းနိုင်ရေးကို အမြန်ဆုံးပြန်လည်စတင်ပေးရန် အီရန်သံအမတ်ကြီးကို တောင်းဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
        
အီရန်သံအမတ်ကြီးကလည်း ထိုအမြင်များကို အီရန်အာဏာပိုင်များထံ တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
      
အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည့် ၎င်း၏ ဆုံးဖြတ်ချက်ကို စနေနေ့တွင် ပြန်ရုပ်သိမ်းခဲ့ကာ ရေလမ်းကြောင်းကို ဖြတ်သန်းရန်ကြိုးစားသော ရေနံတင်သင်္ဘောများကို ပ-စ်ခတ်ခဲ့သည်။
            
အီရန်ဆိပ်ကမ်းများကို အမေရိက၏ ပိတ်ဆို့ထားမှု အသက်ဝင်နေသေးသရွေ့ ရေလက်ကြားမှတဆင့် သယ်ယူပို့ဆောင်ရေးကို ဆက်လက်ပိတ်ပင်ထားမည်ဟုလည်း သတိပေးခဲ့သည်။

Ref: စီအင်န်အေ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here