Wednesday, May 6, 2026

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeInternationalရုရှားနှင့်အမေရိကန်ကိုယ်စားလှယ်များ တူရကီတွင် တွေ့ဆုံဆွေးနွေး

ရုရှားနှင့်အမေရိကန်ကိုယ်စားလှယ်များ တူရကီတွင် တွေ့ဆုံဆွေးနွေး

ဝါရှင်တန်နှင့် မော်စကိုရှိ သက်ဆိုင်ရာ သံရုံးများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန် ရည်ရွယ်သည့် ရုရှား-အမေရိက ဆွေးနွေးပွဲအတွက် ရုရှား အစိုးရကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်၏ နေအိမ်‌တော်သို့ ကြာသပတေးနေ့(ဖေဖော်ဝါရီ ၂၇) တွင် ရောက်ရှိလာကြောင်း သိရသည်။

ဆွေးနွေးမှု အကြောင်းအရာနယ်ပယ်သည် ကျဉ်းမြောင်းပြီး ယူကရိန်းပါဝင်မည် မဟုတ်သော်လည်း နှစ်ဖက်ဆက်ဆံရေးကို ပြုပြင်ရန်နှင့် စစ်ပွဲအဆုံးသတ်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နှစ်ဖက်၏ အလေးအနက်ထားမှုကို စမ်းသပ်မှုဖြစ်စေမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်က သမ္မတ ဗလာဒီမာ ပူတင်နှင့် ဒေါ်နယ်ထရမ့်ပ်တို့ ဖုန်းဆက်သွယ်ပြောဆိုမှု၊ ဖေဖော်ဝါရီ ၁၂ ရက်က နှစ်ဖက် အဆင့်မြင့်အရာရှိအဆင့် သံတမန်များ ဆော်ဒီအာရေဗျတွင် တွေ့ဆုံခဲ့ကြမှုအပြီး၌ ယခုထပ်မံ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

လုပ်ငန်းအဆင့် အရာရှိများ ဦးဆောင်မည့် ကြာသပတေးနေ့ ဆွေးနွေးပွဲသည် ယူကရိန်းအရေး သို့မဟုတ် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်မည် မဟုတ်သော်လည်း မော်စကို၏ ရည်ရွယ်ချက်ကို စမ်းသပ်မှုတစ်ခုအဖြစ် ဆက်လက်ရှုမြင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆွေးနွေးမှုများသည် အမေရိကန်ပြည်ထောင်စုရှိ ရုရှား သံတမန်များနှင့် ရုရှားနိုင်ငံရှိ အမေရိကန်သံတမန်များအတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရေးကို အာရုံစိုက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။

Ref: အယ်လ်အာရေဗျ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ်အသုံးပြုနိုင်ရန် ပြင်‌ဆင်နေ

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့်ရရှိရန်အတွက် လိုအပ်သည့် အဆောက်အအုံပိုင်းဆိုင်ရာများကို ပြန်လည်ဖြည့်ဆည်းနေသလို၊ အဓိကအကျဆုံးဖြစ်သည့် မြက်ခင်းပြင်ကိုလည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် ပွဲကြည့် ပရိသတ်များ ဘေးကင်းလုံခြုံပြီးအဆင် ပြေစွာ အားပေးနိုင်မည့် အစီအစဥ်များအပြင် ရုပ်သံရို-က်ကူးရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။ ပဲခူးပရိသတ်များက "မြန်မာပြည်ရဲ့ လီဗာပူး"ဟု တင်စားခေါ်ဝေါ်ကြသည့်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စက်သုံးဆီအရောင်းဆိုင်များပူး ပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူ(၁၉၅)ဦးအတွက် ဓာတ်ဆီ(၁)ဂါလံလျှင် ငွေကျပ်(၂၁,၀၀၀)နှုန်းဖြင့် ဂါလံ(၅၀၀)၊ ဒီဇယ် (၁)ဂါလံလျှင် ငွေကျပ်(၂၄,၄၀၀)နှုန်းဖြင့် (၄၇၅)ဂါလံတို့ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ဘားအံမြို့ရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း၌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊ ဆိုလာပြားများ၊ ဆိုင်းဘုတ်များပြုတ်ထွက်လွင့်စင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်ပြိုလဲခြင်း၊ ပြိုလဲကျိုးကျသည့် သစ် ပင်သစ်ကိုင်းများကြောင့် လမ်းပိတ်ဆို့ခြင်းများဖြစ်ပေါ်လျက်ရှိ၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ ဒေသခံများကဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-ကိုနေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071