Saturday, June 13, 2026

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး...

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး...

ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး...

ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ ဇွန်လ (၁၂)...

နယ်မြေအခြေအနေနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့်...

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ထမံသီဘေးမဲ့တောသည် ယခင်က...

မုတ်သုံလေအားကောင်းနေသဖြင့် ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ...

ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြေစာပုံအနီးလုပ်ငန်းခွင်ဝင်သူများ သတိပြုရန် အကြံပြု ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့် ၄ ရက်မှ ၅...
HomeMoviesရုရှားနိုင်ငံ၏ Smart Meter...

ရုရှားနိုင်ငံ၏ Smart Meter ထုတ်လုပ်သည့်စက်ရုံ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိနေကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ဇွန် ၇ ရက်တွင်ကြည့်ရှုလေ့လာခဲ့ပြီးနောက် ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံးတပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့်စနစ်တွင်ပေါင်းစပ်အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်း နှီးမြှုပ်နှံလိုခြင်းကိုကြိုဆိုကာ နည်းပညာဆိုင်ရာပူး ပေါင်းဆောင်ရွက်ခြင်းများပြုလုပ်လိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေပိုင်း၌ ပြည်ထောင်စုဝန်ကြီးအား Inter Rao Co., Ltd. မှတာဝန်ရှိသူများက လာရောက်တွေ့ဆုံ ၍ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ပြန် လည်ပြုပြင်နိုင်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင် ပြခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာဝဓာတ်ငွေ့လေလွင့်ဆုံးရှုံးမှုများလျှော့ ချနိုင်ရန် တာဘိုင်များအားပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နည်းပညာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက် မြန်မာနိုင်ငံသို့လာရောက်လေ့လာရန် ပြည်ထောင်စုဝန်ကြီးကဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းနေ

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံလူထု စားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန် လျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်စေရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန်...

ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် လီဆာ

ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ ဇွန်လ (၁၂) ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ SoFi Stadium တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ လီဆာက “Goals” သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကာ အဆိုပါ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းတွင် ဘရာဇီးအဆိုတော် အနစ်တာနှင့် နိုက်ဂျီးရီးယားအဆိုတော် ရမ်မာတို့လည်း အတူပူးပေါင်း သီဆိုဖျော်ဖြေခဲ့ကြသည်။ အသက် (၂၉) နှစ်အရွယ် လီဆာသည် K-Pop အမျိုးသမီးအဖွဲ့ Blackpink...

နယ်မြေအခြေအနေနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့် ခရီးသွားများကို ငြင်းပယ်နေရ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ထမံသီဘေးမဲ့တောသည် ယခင်က နိုင်ငံခြားသားခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသူများ စိတ်ဝင်စားစွာ လာရောက်လေ့လာလေ့ရှိသည့် နေရာတစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် လေ့လာရေးခရီးစဉ်များ ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။ "နယ်မြေဒေသကမတည်ငြိမ်တော့ ဒေသခံတွေတောင်အကုန်လုံးနဲ့အဆက်အသွယ်ပြတ်နေတာ။ သွားလာရေးလည်းမလွယ်ကူတော့ဘူး။ လေ့လာရေးခရီးစဥ်ဆိုပိုလို့တောင်မရဘူး။ နှမြောဖို့ကောင်းတယ်။ အရင်တုန်းက နိုင်ငံခြားသားဧည့်သည်တွေ အလွန်စိတ်ဝင်စားတဲ့နေရာ" ဟု ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။ လက်ရှိတွင် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ထမံသီနှင့် ခန္တီးဒေသများ၌ နယ်မြေအခြေအနေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071