Wednesday, September 16, 2026

အမြန်လမ်းတွင် အမျိုးသား(၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန် ပျ-က်ကွက်ခဲ့သည့်...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ စက်တင်ဘာ ၁၅ ရက်ညပိုင်းက လမ်းလျှောက်နေသော အမျိုးသား (၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန်ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်မောင်းအားအမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၇၇/၇...

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို...
HomeNewsLocal Newsရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲ...

ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ တစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ ‌အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံသူ မအိရွှေစင်အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းဆောင်ရွက်ချက်အရ ဖေဖော်ဝါရီ (၂၅) ရက်တွင် ရီရတ်ဒ်-မတ်စကတ်-ဘန်ကောက်-ရန်ကုန် လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာနိုင်ခဲ့ပြီး ဖေဖော်ဝါရီ (၂၆) ရက် နံနက် (၁၀) နာရီ (၃၃) မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် အမျိုးသား(၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန် ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်ယာဥ်မောင်းအားအမှုဖွင့်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ စက်တင်ဘာ ၁၅ ရက်ညပိုင်းက လမ်းလျှောက်နေသော အမျိုးသား (၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန်ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်မောင်းအားအမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၇၇/၇ နှင့် ၁၇၈/၀ ကြား(နေပြည်တော်မှရန်ကုန်ဘက်) (အပြန်လမ်း)တွင် အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ) အသက်(၄၅)နှစ်ခန့် အမျိုးသား(၁)ဦးယာဥ်တို-က်ခံရသည့်အနေအထားဖြင့်လမ်းအလယ်၌လဲကျ‌ေ-သဆုံးနေသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူအားဝင်တိုက်မိခဲ့သောယာဥ်သည် "စွမ်းထက်သာ"အဝေးပြေးခရီးသည်တင် (Express)ယာဉ်လိုင်းမှ ယာဉ်မောင်းအောင်ချို(၃၆)နှစ်မောင်းနှင်လာသော အဝေးပြေးခရီးသည်တင်ယာဥ်ဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းအား နီးစပ်ရာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်း/ရဲကင်းသို့ သတင်းပို့ခြင်းမရှိဘဲ ရန်ကုန်ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ကိုစစ် ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့ပြင် ဖြူးတိုးဂိတ်၌ ယင်း...

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card များ အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ ရို-က်နှိပ်ထုတ်လုပ်ထားသော YPS Card များကို အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ချယ်ရီပန်းပုံ YPS Card များသည် အသုံးပြုရ လွယ်ကူသည့်အပြင် ဒီဇိုင်းလှပဆန်းသစ်သောကြောင့် ကိုယ်တိုင်အသုံးပြုရန်အတွက်သာမက လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက်ပါ အထူးအသုံးဝင်သည့် Card အမျိုးအစား ဖြစ်သည်။ လက်ရှိတွင် YPS Card များကို ဆူလေ၊ သခင်မြပန်းခြံ၊...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။ အမေရိကန်ဈေးကွက်သို့ တင်ပို့ရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပို့မှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ဇူလိုင်နှင့် ဩဂုတ် နှစ်လအတွင်း အမေရိကန်သို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၁.၆၁ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ရရှိခဲ့သည့် ဒေါ်လာ ၁.၄၄ ဘီလီယံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071