Tuesday, June 2, 2026

မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုး တက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်...

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇွန် ၁ ရက်တွင်ကျင်းပသည့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်...

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E....

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt....
HomeNewsLocal Newsရန်ကုန် ကိုးမိုင်ရှမ်းကျောင်းတွင် ရှမ်းသင်္ကြန်(အကြို)အခမ်းအနား...

ရန်ကုန် ကိုးမိုင်ရှမ်းကျောင်းတွင် ရှမ်းသင်္ကြန်(အကြို)အခမ်းအနား ဧပြီ ၄ ရက်နေ့ ကျင်းပမည်

ရန်ကုန်မြို့တွင် နေထိုင်နေကြသော ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ ရှမ်းသင်္ကြန် (အကြို) အခမ်းအနားကို လာမည့် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ ကိုးမိုင်ရှိ ရှမ်းကျောင်းတွင် နေ့လည် ၂ နာရီမှ ည ၇ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ပါဝင်ဆင်နွှဲလိုသူများအား ဒေသခံရိုးရာဝတ်စုံများ၊ အထူးသဖြင့် ရှမ်းပင်နီရောင် ဝတ်စုံများဖြင့် တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။

ကိုးမိုင်ရှမ်းကျောင်းတွင် ကျင်းပသည့် ရှမ်းသင်္ကြန်ပွဲ၏ ထူးခြားချက်မှာ ရိုးရာဝတ်စုံများဖြစ်ပြီး လာရောက်သူများအနေဖြင့် ရှမ်းဝတ်စုံများကို အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ကြသည်ကို မြင်တွေ့ရနိုင်သည်။

အမျိုးသားများသည် ရှမ်းဘောင်းဘီပွများ ဝတ်ဆင်ကြသလို အမျိုးသမီးများသည် ရောင်စုံရှမ်းအင်္ကျီနှင့် လုံချည်များကို ဝတ်ဆင်ကြခြင်းကြောင့် ပွဲတော်၏ အလှတရားကို ထင်ရှားစေသည်။

ယင်းအခမ်းအနားသည် ရှမ်းပြည်နယ်၏ သင်္ကြန်ပွဲတော် အငွေ့အသက်များကို ရန်ကုန်မြို့အတွင်း ခံစားနိုင်စေရန်အပြင် တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရန်လည်း အထောက်အကူဖြစ်စေမည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုး တက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်မှာကြား

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇွန် ၁ ရက်တွင်ကျင်းပသည့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ် သည်။ မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်မြင့်မားစေရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေ အနေများကိုတင်ပြရန်၊ လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်းပေးမည်ဟုလည်း တိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အ လိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ကြားနေမှု၊ စာသင် ကျောင်းများအလိုက် ကျောင်းအပ်နှံမှုတိုးတက်မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ပဲခူးတိုင်းအတွင်း...

Anhui ပြည်နယ် — သဘာဝအလှ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ ပေါင်းစည်းရာဒေသ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui ပြည်နယ်၏ Fuyang မြို့သည် စက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုနေသည့် မြို့တစ်မြို့ဖြစ်သည်။ Fuyang Zhigu Industrial Park တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာနေသည်ကို မြင်တွေ့ရသည်။ Huashiyadi Silk Museum တွင်လည်း တရုတ်နိုင်ငံ၏ ရိုးရာပိုးထည်လုပ်ငန်းသမိုင်းနှင့် ခေတ်မီစက်မှုထုတ်လုပ်ရေးစနစ်တို့ကို ပေါင်းစပ်ထားပုံကို လေ့လာနိုင်ခဲ့သည်။ Shuangqing...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေး မြန်မာ-အိ န္ဒိယ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးအရဆက်ဆံရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန်အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိသည့် နားလည် မှုစာချွန်လွှာများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071