Tuesday, May 26, 2026

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊...

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင်...

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်...

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁...

သင်္ဃန်းကျွန်းမြို့နယ်ရှိ ထရန်စဖော်မာ(No.1)ဓာတ်အားပြတ်တောက်နေ၍ ထရန်စဖော်မာ(No.2)ဖြင့် ယာယီဓာတ်အားပေးနိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏခွဲရုံရှိ ၆၆/ ၃၃ KV ၃၀ MVA ထရန်စဖော်မာ(No.1)သည် မေ ၂၅ ရက်ည ၁၁...
HomeNewsLocal Newsရန်ကုန်၊ ပဲခူး၊ ဧရာဝတီတွင်...

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတွင် အပူချိန် ၄၀ ဒီဂရီကျော်ထိမြင့်တက်နိုင်၍ နေပူထဲမထွက်ရန် သတိပေး

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မတ်လကုန်နှင့် ဧပြီလအတွင်း နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ သိရသည်။

အဆိုပါဒေသများတွင် နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရောက်ရှိနိုင်ပြီး နေ့အပူပြင်းထန်သော မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်ရန် သတိပေးထားသည်။

အပူချိန်မြင့်တက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် တိုးမြင့်ကျရောက်မှုကြောင့် အပူရှပ် (Heat Stroke) ဖြစ်ပွားနိုင်ခြင်း၊ ဦးနှောက်သွေးကြောပြတ်နိုင်ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်းနှင့် နွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နေပူပြင်းထန်ချိန်များတွင် အပြင်မထွက်ရန်၊ ရေများများသောက်သုံးရန်နှင့် အပူဒဏ်ကာကွယ်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း အကြံပြုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် မီးမလေ-ာင်စေရန်အအေးပေး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလေ-ာင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုခဲ့သည်။

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ၂ ရက် ဆေးကုသပေးမည်  

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁ ရက်အထိ (၂) ရက်တိုင်တိုင် "အခမဲ့" ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။       လာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများမှာ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့်ဟော်မုန်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (အသည်းဆေးကု) အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) - ရန်ကုန်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး (အစာအိမ်နှင့်အူလမ်းကြောင်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်သည်။ ထို့ပြင် ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံကြောဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071