Wednesday, June 17, 2026

Mekong Tourism Forum 2026...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ Pan...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့်...

High-Speed Railway G23 ဖြင့်...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway...
HomeNewsLocal Newsရန်ကုန်နှင့် ကျိုင်းတုံမြို့တို့၏ မေလအတွင်း...

ရန်ကုန်နှင့် ကျိုင်းတုံမြို့တို့၏ မေလအတွင်း လေထုအရည်အသွေး အခြေအနေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ရန်ကုန် (ကမ္ဘာအေး)ရုံး၌ လေထုအတွင်းရှိ အမှုန်အမွှားများ (PM2.5)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မျက်နှာပြင်အိုဇုန်း (O3 )၊ (PM10 နှင့် PM2.5 ) ပါဝင်မှုများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်တိုင်းတာလျက်ရှိသည်။

၂၀၂၆ ခုနှစ် မေလအတွင်း တိုင်းတာရရှိသည့် အချက်အလက်များအရ မြို့ကြီးနှစ်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်းအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြို့အလိုက် လေထုအရည်အသွေး နှိုင်းယှဉ်ချက်

ရန်ကုန် (ကမ္ဘာအေး)
မေလအတွင်း တိုင်းတာရရှိသည့် နေ့ရက်များတွင် လေထုအရည်အသွေးသည် “ကောင်းမွန်သော အဆင့်”တွင် ၈ ရက် ရှိခဲ့သည်။
ကျန်ရှိသည့် ၂၀ ရက်တွင် “အသင့်အတင့်အဆင့် ” ရှိကြောင်း တွေ့ရှိရသည်။

ကျိုင်းတုံမြို့
မေလအတွင်း လေထုအရည်အသွေးသည် “ကောင်းမွန်သော အဆင့်”အဆင့်တွင် ၈ ရက်ရှိခဲ့သည်။
ကျန်ရှိသည့် ၂၃ ရက်တွင် “အသင့်အတင့်အဆင့် ” ရှိကြောင်း တွေ့ရှိရသည်။

လေအရည်အသွေး အညွှန်းကိန်း (AQI) ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်
AQI သည် ၀ – ၅၀ ဆိုပါက လေအရည်အသွေး (ကောင်း)အဆင့်ရှိကာ လေထုညစ်ညမ်းမှုမရှိဘဲ ကျန်းမာရေးအန္တရာယ် မရှိသလောက် နည်းပါးသည်။
AQI သည် ၅၁ – ၁၀၀ ဆိုပါက လေအရည်အသွေး (အသင့်အတင့်) အဆင့်ရှိကာ ကျန်းမာရေး ထိခိုက်နိုင်ခြေအနည်းငယ်ရှိနိုင်သည်။
AQI သည် ၁၀၁ – ၁၅၀ ဆိုပါက ခံနိုင်ရည်နည်းပါးသောသူများအတွက် ကျန်းမာရေးထိခိုက်စေသည်။ ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်မရှိပေ။
AQI သည် ၁၅၁ – ၂၀၀ ဆိုပါက ကျန်းမာရေးထိခိုက်စေသောအဆင့်ဖြစ်ပြီး လူတိုင်းကျန်းမာရေးထိခိုက်မှုမျိုး ကြုံတွေ့နိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ နယ်စပ်ဒေသများသည် ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် “နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှု” ပြဿနာတွင် အမြဲတမ်း ပါဝင်ပတ်သက်နေလေ့ ရှိသည်။

နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ တင်းကျပ်လာသည်များမှာ
ထိုင်းအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း လေထုညစ်ညမ်းမှု (PM2.5 ) ကို အဓိကဖြစ်စေသည့် အိမ်နီးနားချင်းနိုင်ငံများမှ တောမီးလေ-ာင်ခြင်းနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်း (ဥပမာ – ပြောင်းရိုး၊ ပြောင်းခွံ) မီးရှို့မှုများကို တားဆီးရန်အတွက် “မီးရှို့ရာမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးထုတ်ကုန်များ”ကို ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းခွင့် ပိတ်ပင်တားဆီးမည့် ဥပဒေကြမ်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်။

မီးရှို့သည့် နေရာများအားလုံးကို ဂြိုဟ်တုဖြင့် စောင့်ကြည့်နေပြီး၊ အဆိုပါ မီးရှို့မှုဒေသများမှ ထွက်ရှိလာသည့် ကုန်စည်များကို ထိုင်းနိုင်ငံတွင်းရှိ လုပ်ငန်းစုကြီးများက ဝယ်ယူခြင်းမပြုရန် တင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်ထားသည်။

“သန့်ရှင်းသော လေထုဥပဒေကြမ်း” (Clean Air Act) ၏ ထူးခြားချက်မှာ ထိုင်းနိုင်ငံပြင်ပ (အိမ်နီးနားချင်းနိုင်ငံများ) တွင် တရားမဝင် မီးရှို့မှုများကြောင့် ထိုင်းပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် မီးခိုးငွေ့များ ထိုင်းနိုင်ငံတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာပါက၊ အဆိုပါ မီးရှို့မှုတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းရှင်များကိုပါ ဥပဒေကြောင်းအရ ပြစ်ဒ-ဏ်ခတ် အရေးယူနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင်လာခြင်း ဖြစ်သည်။

ပြည်တွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများအနေဖြင့် ထိုင်းဈေးကွက်သို့ ဆက်လက်တင်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ မီးရှို့ဖျ-က်ဆီးမည့်အစား အခြားနည်းလမ်းများဖြင့် ပြောင်းလဲအသုံးချရန် (သို့မဟုတ်) မီးခိုးငွေ့လျှော့ချရေး နယ်စပ်စည်းကမ်းများကို အထူးသတိပြု လိုက်နာရန် လိုအပ်လာကြောင်း စီးပွားရေးနှင့် ပတ်ဝန်းကျင်လေ့လာသူများက သုံးသပ်ထားကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Mekong Tourism Forum 2026 ရန်ကုန်၌ စတင်ကျင်းပ၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Yangon Hotel တွင် ကျင်းပခဲ့ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို ဇွန် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု ဆွေးနွေးမေးမြန်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ အပါအဝင် စုစုပေါင်း ၇၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို နံနက် ၁၁ နာရီတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို့ ရောက်ရှိခဲ့သည်။ Fairmont Peace Hotel သည် ရှန်ဟိုင်းမြို့၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို့၏ သမိုင်းဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071