ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် “Youth Forum”ကို နှစ်ရက်တာ ကျင်းပနေသည်။
ယင်းဖိုရမ်ကို ယမန်နေ့ ဩဂုတ်လ (၁၁)ရက် ၊ နံနက်ပိုင်းကစတင်ကျင်းပခဲ့ခြင်းဖြစ်ကာ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာပေးစကားဝိုင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများလည်း ပါဝင်ခဲ့သည်။
အုပ်စုဖွဲ့ဆွေးနွေးရာတွင်လည်း လူငယ်များ အုပ်စု(၅)စုခွဲကာ လူငယ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့သည့်ရလဒ်များကို ပြန်လည်ပူးပေါင်းဆွေးနွေးသည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲဖိုရမ်ကို ယနေ့ ဩဂုတ်လ (၁၂)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖိုရမ်၌ လူပေါင်း(၆၀၀)တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
