Monday, May 18, 2026

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ မေ ၁၈ ရက်နံနက်ပိုင်းက ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း၏...

လူနေရာတွင် AI ဖြင့်အစားထိုးခန့်အပ်ခြင်းကိုတရုတ်တရားရုံးတစ်ခုက တားမြစ်         လူသားဝန်ထမ်းများ၏...

ဤအထင်ကရဆုံးဖြတ်ချက်သည် ကော်ပိုရေးရှင်းများစွာက ကုန်ကျစရိတ်လျှော့ချရန်နှင့် ဝန်ထမ်းဦးရေလျှော့ချရန် နည်းပညာကို လက်ခံကျင့်သုံးနေသည့် ကမ္ဘာလုံးဆိုင်ရာ AI အလိုအလျောက်စနစ် လှိုင်းလုံးကြီးရိုက်ခတ်နေချိန်တွင် သိသာထင်ရှားသော ဥပဒေရေးရာ အစဉ်အလာတစ်ခုကို...

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင်...

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော...
HomeNewsLocal Newsရခိုင်ပြည်နယ်၌ ခရိုင်နှစ်ခုထပ်မံတိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိနေ

ရခိုင်ပြည်နယ်၌ ခရိုင်နှစ်ခုထပ်မံတိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိနေ

ရခိုင်ပြည်နယ်၌ ခရိုင်နှစ်ခုထပ်မံတိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိနေ

ရခိုင်ပြည်နယ်၌ ယခင်က ခရိုင် ၅ ခုရှိသည့်အနက် အမ်းခရိုင်နှင့်တောင်ကုတ်ခရိုင်တို့အား တရားဝင်ထပ်မံတိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြည် နယ်အစိုးရအဖွဲ့မှ သိရသည်။

“အမ်းခရိုင်နဲ့တောင်ကုတ်ခရိုင် ဖြစ်ပေါ်လာမယ်ဆိုတာကတော့အရင်ထဲက အစီအမံလေးတွေရှိခဲ့ပါတယ် အခုမှတရားဝင်ဖြစ်ပေါ်လာတာပါ တရား ဝင်ဖွဲ့စည်းဖို့ လိုအပ်တာတွေဆောင်ရွက်ဖို့ဆိုပြီး အကြောင်းကြားလာတာပါ ဒါ့ကြောင့် အမ်းခရိုင်နဲ့တောင်ကုတ်ခရိုင် ဖွဲ့ဖို့သေချာသွားပြီလို့ပြောနိုင်ပါတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောသည်။

ယခင်က ကျောက်ဖြူခရိုင်အတွင်းပါဝင်သည့် အမ်းမြို့နယ်နှင့်မြောက်ဦးခရိုင်အတွင်းပါဝင်သည့် မြေပုံမြို့နယ် တို့အားပေါင်းစပ်၍ အမ်းခရိုင်အဖြစ်ထပ်မံတိုးချဲ့ဖွဲ့စည်းမည်ဖြစ်သည်။

ထို့ပြင် ယခင်က ကျောက်ဖြူခရိုင်အတွင်း၌ပါဝင်သည့် မာန်အောင်မြို့နှင့်သံတွဲခရိုင်အတွင်းပါဝင်သည့် တောင်ကုတ်မြို့တို့အားပေါင်းစပ်ကာ တောင်ကုတ်ခရိုင်အဖြစ်တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။

ထိုသို့ ခရိုင်များတိုးချဲ့ဖွဲ့စည်းရာ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဝန်ကြီးချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်မည့် အစီအမံများအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“မတ် ၆ ရက်နဲ့ ၇ ရက်က ခရိုင်ဖွဲ့စည်းရာမှာလိုအပ်တဲ့ ရုံးအဆောက်အဦးတွေဆောက်ဖို့ မြေနေရာတွေကြည့်ခဲ့ပါတယ် သက်ဆိုင်ရာမြို့နယ်တာဝန် ရှိသူတွေကိုလည်းလိုအပ်တာတွေလုပ်ဆောင်ဖို့မှာကြားထားပါတယ် အုပ်ချုပ်ရေးအမြင်အရပြောရရင်တော့ အခုလိုခရိုင်တွေတိုးချဲ့ဖွဲ့စည်းတာဟာ အလုပ်လုပ်တဲ့အခါပိုပြီးအဆင်ပြေတာပေါ့ အရင်ကဆိုရင် အုပ်ချုပ်ရတာလက်လှမ်းမမီဘူး သတင်းရရှိမှုပိုင်းတွေမှာလည်း အခက်အခဲတွေရှိတယ် အခုကတော့ အုပ်ချုပ်စီမံမှုအပိုင်းမှာပိုမိုလျင်မြန်လာနိုင်တဲ့အနေအထားဖြစ်လာမှာပါ”ဟုပြောရေးဆိုခွင့်ရှိသူဦးလှသိန်းကပြော သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း၌ စစ်တွေခရိုင်၊မြောက်ဦးခရိုင်၊မောင်တောခရိုင်၊ကျောက်ဖြူခ ရိုင်နှင့်သံတွဲခရိုင်ဟု၍ ခရိုင် ၅ ခုဖြင့်ဖွဲ့စည်းထားခဲ့သည်။

Photo Credit _နိရဉ္စရာ

Zaw Gyi









Ads Space Available


Continue reading

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ မေ ၁၈ ရက်နံနက်ပိုင်းက ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း၏ မိုင်တိုင်အမှတ် ၅/၂၃ နှင့် ၅/၂၄ ကြားတွင်ရေကျော်မှုဖြစ်ပွား၍ သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများအဆင်ပြေစွာသွားလာနိုင်ရန် ကူညီပေးခဲ့ကြကြောင်း သိရသည်။

လူနေရာတွင် AI ဖြင့်အစားထိုးခန့်အပ်ခြင်းကိုတရုတ်တရားရုံးတစ်ခုက တားမြစ်         လူသားဝန်ထမ်းများ၏ အလုပ်တာဝန်များကို ညဏ်ရည်တု(AI) က လုပ်ဆောင်နိုင်သည်ဆိုသည့်တိုင် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ၎င်းတို့၏ လစာကို လျှော့ချခြင်းများ မပြုရဟု တရုတ်နိုင်ငံ တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့သည်။

ဤအထင်ကရဆုံးဖြတ်ချက်သည် ကော်ပိုရေးရှင်းများစွာက ကုန်ကျစရိတ်လျှော့ချရန်နှင့် ဝန်ထမ်းဦးရေလျှော့ချရန် နည်းပညာကို လက်ခံကျင့်သုံးနေသည့် ကမ္ဘာလုံးဆိုင်ရာ AI အလိုအလျောက်စနစ် လှိုင်းလုံးကြီးရိုက်ခတ်နေချိန်တွင် သိသာထင်ရှားသော ဥပဒေရေးရာ အစဉ်အလာတစ်ခုကို ချမှတ်ပေးသည်။         ယင်းအမှုသည် ၂၀၂၂ ခုနှစ်တွင် နည်းပညာကုမ္ပဏီတစ်ခု၌ အရည်အသွေးထိန်းချုပ်မှု မန်နေဂျာအဖြစ် ဝင်ရောက်ခဲ့သော အမျိုးသားဝန်ထမ်းတစ်ဦးနှင့်ပတ်သက်သည့် အမှုဖြစ်သည်။ သူ၏ အဓိကတာဝန်သည် တရားမဝင်မှုနှင့် မူပိုင်ခွင့်ချိုးဖောက်သော အကြောင်းအရာများကို စိစစ်ရန်အတွက် AI က ထုတ်လုပ်သော ရလဒ်များကို စစ်ဆေးရန်ဖြစ်ပြီး လစာယွမ် ၂၅,၀၀၀(ဘတ် ၁၂၅,၀၀၀) ခန့် ရရှိသည်။       သို့သော် ကုမ္ပဏီသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071