Friday, June 6, 2025

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...
HomeInternationalယူကရိန်းအရေး တရုတ် ကလွန်စွာ...

ယူကရိန်းအရေး တရုတ် ကလွန်စွာ စိုးရိမ်မကင်းဖြစ်

ပေကျင်း၊ဖေဖော်ဝါရီ ၂၁

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တစ်စထက်တစ်စပိုမိုဆိုးရွားလာပြီး ထိန်းချုပ်ရခက်လာသည့် ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအ‌နေဖြင့် လွန်စွာစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအရေး၌ ၎င်း၏မဟာမိတ်ရုရှားနှင့်အဆက်ဆံမပျက်အောင်ထိန်းရင်း ကြားနေညှိနှိုင်းမည့်ပုံစံမျိုး ဖြင့် ကြိုးစားနေခြင်းဖြစ်သည်။

ပေကျင်းသည် ရုရှား – ယူကရိန်းစစ်တစ်နှစ်မပြည့်မီ စစ်ပွဲအဆုံးသတ်ရန် နိုင်ငံရေးဆွေးနွေးမှုရရှိအောင် ကြိုးပမ်းပေးမည်ဟုလည်း အခိုင်အမာပြောကြားထားသည်။

တရုတ်ကရုရှားအားလက်နက်ထောက်ပံ့နိုင်သည်ဟု အမေရိကန်ပြောကြားခဲ့သည့်အပေါ်၌လည်း အခြေအမြစ်မရှိပြောကြားခြင်းမျိုးဖြစ်ပြီး အမေရိကန်ကသာယူကရိန်းအားပေါ်ပေါ်ထင်ထင်လက်နက်ထောက်ပံ့နေခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ယင်းနောက်တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကျန်နိုင်ငံများအနေဖြင့် စစ်ပွဲအရှိန်မြင့်သထက်မြင့်အောင် မီးလောင်ရာလေပင့်မလုပ်ဘဲ တရုတ်ကိုအပြစ်ပုံချနေသည်များကိုလည်း ရပ်တန်းကရပ်သင့်ပြီဟုပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ မစ္စတာဝမ်ယိသည်လည်း ၎င်း၏ဥရောပခရီးစဉ်အဆုံးသတ်၌ မော်စကိုသို့ဝင်ရောက်ကာ ရုရှားသမ္မတနှင့်တွေ့ဆုံနိုင်ကြောင်းပြောကြားထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘင်းကလည်း အမေရိကသည်သာ ယူကရိန်းအားလက်နက်တွေအဆက်မပြတ်ထောက်ပံ့နေခြင်းဖြစ်ပြီး စစ်မီးမတောက်တောက်အောင် မီးထိုးပေးနေခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source – AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့ ဖွင့်လှစ်ကုသမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက ဆရာတော်ထံမှ သိရသည်။ သီပေါ သီတဂူစက္ခုဒါန ဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး၊ မျက်စိခွဲစိတ်စက် (၅)လုံး၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး၊ လေအေးပေးစက် (၁၈)လုံးရှိပြီး လက်ရှိတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071