Wednesday, May 6, 2026

မြန်မာ-အိန္ဒိယ ရေတပ်ဆက်ဆံရေးကို ထင်ဟပ်စေသည့် ချစ်ကြည်ရေးခရီးစဉ်

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စီးတို့သည် ယနေ့...

ဧရာဝတီတိုင်း လူရည်ချွန်များအား လေ့လာရေးခရီးစဉ်အတွက် ကြိုဆိုပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့်...

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည်...
HomeInternationalယူကရိန်းအရေးဥရောပနှင့်အခြားနိုင်ငံများပါဝင်‌ဆွေး‌နွေးနိုင်--ပူတင်

ယူကရိန်းအရေးဥရောပနှင့်အခြားနိုင်ငံများပါဝင်‌ဆွေး‌နွေးနိုင်–ပူတင်

ယူကရိန်း ပဋိပက္ခဖြေရှင်းနိုင်ရေး ဆွေးနွေးမှုများ၌ ဥရောပနိုင်ငံများအပြင် အခြားနိုင်ငံများလည်း ပါဝင်နိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အချက်အလက်များစွာတွင် သဘောတူညီမှုရထားကြောင်း၊ သို့သော်လည်း ယူကရိန်းတွင် တိုက်ပွဲများကိုအဆုံးသတ်ရေး၌ ဥရောပနိုင်ငံများသည်လည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့သော အင်တာဗျူးတွင် ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်းအရေး ဆွေးနွေးမှုများတွင် ပါဝင်ခွင့်ရရေးအတွက် ဥရောပနိုင်ငံများ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ သူ၏ ထင်မြင်ချက်ကို မေးမြန်းခဲ့ရာ၌ “ဒါက ဘာမှ မမှားဘူးလို့ ကျွန်တော်မြင်ပါတယ်” ဟု ပူတင်က ပြောဆိုခဲ့သည်။

ဆွေးနွေးရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့၏ ပါဝင်မှုသည် လိုအပ်ပါကြောင်း သူက ဆက်လက် ပြောဆိုခဲ့ပြီး စစ်မြေပြင်တွင် ယူကရိန်းကို အနိုင်ရစေလိုသော ဥရောပနိုင်ငံများသည်သာ မိမိတို့ကို အဆက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“သူတို့ ပြန်လာလိုတယ်ဆိုရင် ကြိုဆိုပါတယ်” ဟု သူက ပြောဆိုသည်။ထို့အပြင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနှင့် အခြား စီးပွားရေးထွန်းသစ်စနိုင်ငံများပါဝင်သည့် BRICS အဖွဲ့မှ မိမိတို့ မိတ်ဆွေများ၏ သဘောထားအမြင်များကိုလည်း ရုရှားက လေးစားပါကြောင်း ပူတင်က ပြောဆိုသည်။

ငြိမ်းချမ်းရေးဖြစ်မြောက်ဖို့ရာ သဘောထားအမြင်များကို ဖော်ထုတ်ကြသော မိတ်ဖက်အားလုံးကို မိမိတို့က ကျေးဇူးတင်ကြောင်း၊ ထို့ကြောင့် ဥရောပနိုင်ငံတွေသာမက အခြားနိုင်ငံတွေလည်း ပါဝင်နိုင်သည်ဟု မိမိပြောရခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

Ref: အင်န်ဒီတီဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အိန္ဒိယ ရေတပ်ဆက်ဆံရေးကို ထင်ဟပ်စေသည့် ချစ်ကြည်ရေးခရီးစဉ်

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စီးတို့သည် ယနေ့ မေ ၆ ရက်က မြန်မာနိုင် ငံမှသီးခြားစီပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။ အိန္ဒိယရေတပ်ဦးစီးချုပ်သည် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာရာ တပ်မ တော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိ ယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna(P-57)တို့သည်လည်း...

ဧရာဝတီတိုင်း လူရည်ချွန်များအား လေ့လာရေးခရီးစဉ်အတွက် ကြိုဆိုပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် လူရည်ချွန် မောင်၊ မယ် စုစုပေါင်း ၄၂၀ ကျော်အား ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာရှေ့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် လူရည်ချွန်စခန်း ၂ ခုဖြစ်သော ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းတို့ကို ဖွင့်လှစ်ထားရှိပြီး အခြေခံပညာအဆင့် လူရည်ချွန် ကျောင်းသား၊...

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို ဒေသအလိုက်ဖူလုံစေရေးအ တွက် လက်ရှိအချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေက်ု မိမိတို့ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့အတူ စက်သုံးဆီများအား တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ထားနိုင်ကာ ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သ ဘာဝဓာတ်ငွေ့များဖြန့်ဖြူးရာတွင်လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက် ရုံအားပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071