Monday, June 8, 2026

မန္တလေး ချမ်းမြသာစည်ရှိ ဖိနပ်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ဖိနပ်ဂိုဒေါင်တစ်လုံးတွင် ဇွန် ၇ ရက်ည ၁၀ နာရီခွဲကျော်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ ၇၈...

ရုရှားနိုင်ငံ၏ Smart Meter ထုတ်လုပ်သည့်စက်ရုံ...

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိနေကြောင်း သိရသည်။ အဆိုပါ စက်ရုံတွင်...

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...
HomeNewsLocal Newsယနေ့ ရန်ကုန်မြို့တွင် Level...

ယနေ့ ရန်ကုန်မြို့တွင် Level 1 အဆင့်မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်က Level 1 အဆင့်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက်ညနေ ၄ နာရီ ၄၁ မိနစ်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(အောက်ရွာ)တွင် မီးလောင်မှုဖြစ်ပွား၍ မြန် မာနိုင်ငံမီးသတ်ဖွဲ့ဌာနချုပ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊ လေးထောင့်ကန်နယ်မြေမီးသတ်စခန်းနှင့် ညောင်ပင်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလောင်အားများသဖြင့် ညနေ ၄ နာရီ ၅၀ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၅ နာရီ ၁၄ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၃ နာရီ ၃၉ မိနစ်ခန့်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းတွင် မီးလောင်မှုဖြစ်ပွား၍ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးထိန်းနိုင်ခြင်းမရှိ၍ နေ့လည် ၃ နာ ရီ ၄၄ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် နေ့လည် ၃ နာရီ ၄၈ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသွားခဲ့၍ မီးလောင်မှုဖြစ်စဥ် (၂)ခု၏ စတင်လောင် ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး ချမ်းမြသာစည်ရှိ ဖိနပ်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ဖိနပ်ဂိုဒေါင်တစ်လုံးတွင် ဇွန် ၇ ရက်ည ၁၀ နာရီခွဲကျော်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ ၇၈ လမ်း၊ ဦးပွားဂုန်းကျော်တံတားအရှ့ဘက် လမ်းသွယ် (၄)ရှိ ဖိနပ်ဂိုဒေါင်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မီး သတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြရာ ည ၁၁ နာရီကျော်ခန့်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။ Photo- Ko Than Htay

ရုရှားနိုင်ငံ၏ Smart Meter ထုတ်လုပ်သည့်စက်ရုံ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိနေကြောင်း သိရသည်။ အဆိုပါ စက်ရုံတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ဇွန် ၇ ရက်တွင်ကြည့်ရှုလေ့လာခဲ့ပြီးနောက် ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံးတပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့်စနစ်တွင်ပေါင်းစပ်အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်း နှီးမြှုပ်နှံလိုခြင်းကိုကြိုဆိုကာ နည်းပညာဆိုင်ရာပူး ပေါင်းဆောင်ရွက်ခြင်းများပြုလုပ်လိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ညနေပိုင်း၌ ပြည်ထောင်စုဝန်ကြီးအား Inter Rao Co., Ltd. မှတာဝန်ရှိသူများက လာရောက်တွေ့ဆုံ...

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071