မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ ယနေ့ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းနည်းတူ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ် ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်(၇)ပေမှ (၉)ပေခန့်အထိရှိကာ တစ်နာရီလျင် (၂၅)မိုင်မှ မိုင်(၃၀)အထိ မိုးသက်လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိရာ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးထားကြောင်း သိရသည်။
