Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsယခု စစ်ပွဲကြောင့် အစ္စရေးစီးပွားရေး...

ယခု စစ်ပွဲကြောင့် အစ္စရေးစီးပွားရေး ထိခိုက်မှုမှာ တစ်ပတ်လျှင် ဒေါ်လာ ၃ ဘီလီယံခန့် ရှိလာမည်

အီရန်နှင့် ဖြစ်ပွားနေသော လေကြောင်းစစ်ပွဲကြောင့် အစ္စရေး၏ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုသည် တစ်ပတ်လျှင် ရှီကယ်(Shekels) ၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံ) အထိ ရှိလာနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အလုပ်သွားလာခွင့် ကန့်သတ်ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားခြင်းနှင့် အရန်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ခြင်း စသည့် အစ္စရေးပြည်တွင်း လုံခြုံရေးတပ်ဖွဲ့ ၏ လက်ရှိ “အနီရောင်” အဆင့် ကန့်သတ်ချက်များအောက်တွင် စီးပွားရေး ဆုံးရှုံးမှုမှာ တစ်ပတ်လျှင် ၉.၄ ဘီလီယံ ရှီကယ် ရှိမည်ဟု ခန့်မှန်းထားပြီး၊ အဆိုပါ ဆုံးရှုံးမှုအများစုမှာ လာမည့်အပတ်မှစ၍ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

ဝန်ကြီးဌာနကမူ အလုပ်ခွင်များအတွက် “အနီရောင်” ထက် ကန့်သတ်ချက် ပိုမိုနည်းပါးသည့် “လိမ္မော်ရောင်” – သို့မဟုတ် လှုပ်ရှားမှုအကန့်အသတ်ရှိသော အဆင့်သို့ ပြောင်းလဲရန် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ကို တောင်းဆိုထားသည်။ ဤအခြေအနေမျိုးတွင်မူ စီးပွားရေးဆုံးရှုံးမှုမှာ တစ်ပတ်လျှင် ၄.၃ ဘီလီယံ ရှီကယ်သာ ရှိမည်ဖြစ်သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် စနေနေ့တွင် အီရန်နိုင်ငံကို စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၊ ယင်းက အစ္စရေးနှင့် အရှေ့အလယ်ပိုင်းတစ်လွှားတွင် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ပင်လယ်ကွေ့ဒေသမှ စွမ်းအင်တင်ပို့မှုများကိုပါ အနှောင့်အယှက်ဖြစ်စေခဲ့သည်။

အဆိုပါ စစ်ဆင်ရေးမှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း အမေရိကန်နှင့် အစ္စရေးအရာရှိများက ပြောကြားခဲ့သည်။

ယခုသတ္တပတ်အတွင်း အစ္စရေးရှိ စာသင်ကျောင်းများကို ပိတ်ထားသည်။ လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ထားပြီး၊ အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းများမှလွဲ၍ အလုပ်ခွင် လှုပ်ရှားမှုများကို ပိတ်ပင်ထားကာ ဝန်ထမ်းအများစုမှာ အိမ်မှနေ၍ အလုပ်လုပ်ကိုင်နေကြရသည်။

ဟားမတ်စ်နှင့်ဖြစ်ပွားသော ဂါဇာစစ်ပွဲကြောင့် အတန်ငယ် ထိခိုက်မှုရှိခဲ့သော်လည်း အစ္စရေး၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေးအပြီးတွင် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းကျော်အထိ ရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။

(၁ဒေါ်လာ = ၃.၀၇၃၃ ရှီကယ်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071