Monday, May 4, 2026

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန်...

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို...

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက်...

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို...

​ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း သားအမိ (၂) ဦး...

ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ငှက်ပျောခင်းစု၊ ချောင်းသာ သစ်တောကြိုးဝိုင်း၊ အောင်ကောင်းချောင်းဖျား(ဒေသအခေါ်)၊ ယမနေစိုက်ခင်း၊ အကွက် အမှတ်(၄)အ စပ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦး...
HomeActivitiesယခုနှစ်တောင်ပြုံးပွဲ ယခင်နှစ်များထက် ...

ယခုနှစ်တောင်ပြုံးပွဲ ယခင်နှစ်များထက် ပိုမိုစည်ကားနိုင်ကြောင်း ဒေသခံများ ခန့်မှန်း

မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရိုးရာ နတ်ယုံကြည်ကိုးကွယ်သူများ အများ အပြားလာရောက်ကြတဲ့ မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာရှိ ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရားပွဲနှင့်တောင် ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင် လဆန်း ၁ ရက် (ဩဂုတ် ၁၂ ရက်) မှ ဝါခေါင်လပြည့်ကျော် ၁ ရက် (ဩ ဂုတ် ၂၇ ရက်) ထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း တောင်ပြုံး ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရား ဂေါပက အဖွဲ့ထံမှ သိရပါတယ်။

“ဒီနှစ်မှာ ထူးခြားတာက ကျန်း မာရေးကဏ္ဍကို အထူးဂရုစိုက်ပြီး ဆောင်ရွက်ပါတယ်။ ဘုရားပွဲ ဆွမ်း ကြီးလောင်းလှူပွဲကို ဝါခေါင်လပြည့် နေ့မှာ မနက် ၇ နာရီအချိန်မှ စတင် လောင်းလှူမှာဖြစ်ပါတယ်။ ဆရာ တော်ကြီး ၁၅၀ ကျော်ကို ပင့်ဖိတ်ပြီး လောင်းလှူမှာဖြစ်ပါတယ်”ဟုတောင် ပြုံး ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော် ကျော်က ပြောပါတယ်။

ပွဲတော်ရဲ့ ဈေးဆိုင်ခန်းများတွင် အညာဒေသထွက်စားစရာများ၊ နတ် ဆက်ပန်းအမျိုးမျိုးနဲ့ နတ်ဆက် ပစ္စည်းအရောင်းဆိုင်များ၊ အုန်းသီး၊ ငှက်ပျောသီး ကန်တော့ပွဲဆိုင်များ၊ စားသောက်ဆိုင်များ၊ မုန့်ဆိုင်များ ခင်းကျင်းရောင်းချကြပါတယ်။ တောင်ပြုံးပွဲတော်မှာ ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့နဲ့ အောင်ကျော်ဆန်း ဇာတ်အဖွဲ့နှစ်ဖွဲ့က ကပြဖျော်ဖြေကြ မှာဖြစ်ကြောင်း သိရှိရပါတယ်။

“ပွဲတော်ကာလအတွင်းမှာ ပွဲ တော်လာသူအဆင်ပြေစေဖို့ နေ့စဉ်ပုံ မှန် ၄ ခေါက်ပြေးဆွဲနေတဲ့ မန္တလေး-မတ္တရာခေါက်ပြန်ရထားကို လူစီးတွဲ ဆိုင်းများ တိုးချဲ့ပြီး သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ ၁၁ ခေါက် ၁၂ ခေါက်အထိ ပြေးဆွဲပေးမှာပါ” ဟု တောင်ပြုံးဘူတာမှ တာဝန်ရှိသူ က ပြောပါတယ်။

တောင်ပြုံးပွဲတော်ကို ပုဂံခေတ် ကတည်းက နှစ်စဉ်ကျင်းပတဲ့ ပွဲ တော်ဖြစ်ပြီး မြန်မာပြည်ရှိ ပွဲတော် များထဲတွင် ထင်ရှားပြီး အစည်ကား ဆုံး ရိုးရာနတ်ပွဲတော်ကြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် က H1N1 ရောဂါဖြစ် ပွားမှုများကြောင့် ပွဲတော်ကျင်းပခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ယခုနှစ် ၂၀၁၈ ခုနှစ်မှာ ပုံမှန်ထက်ပိုမိုစည်ကားနိုင်ကြောင်း ဒေသခံများက ခန့် မှန်းပြောဆိုနေကြပါတယ်။

ချမ်းသာ

Ads Space Available


Continue reading

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန် ပြင်ဆင်နေ

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ ကုမ္ပဏီသည် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Main Board တွင် စာရင်းဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း YSX မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ပြင် YSX ၏ စာရင်းဝင်အကြိုဈေးကွက်ဖြစ်သော Pre-listing Board...

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်၊နောက်တစ်ဆင့်တက်ရန် ခက်ခဲလာ

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် ထိုင်းအသင်းသည် ပထမပိုင်း၌ ရရှိခဲ့သည့် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲပြီးဆုံးသည်အထိ ထိန်းကစားသွားနိုင်ခဲ့ခြင်း ဖြစ်သည်ကိူတွေ့ရသည်။ မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအတွက် အနည်း ဆုံး သရေတစ်မှတ်ရရှိရန်ကြိုးစားကစားခဲ့သော်လည်းထိုင်းအသင်းကို ထိရောက်စွာ ဖိအားမပေးနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်နှင့် ယခုပွဲစဉ်အပါအဝင် နှစ်ပွဲဆက်...

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက် လိုက် ကား‌လေအိတ်ပေါက် ပိမိ၍ အသက်ဆုံး

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို က်မှ ကားအောက်သို့ဝင်၍ စပါယ်ယာဘီးလဲလှယ်နေချိန်တွင် ‌ကား‌လေအိတ်ပေါက်ကာမျက်နှာ‌ပေါ်သို့ ပိမိပြီး ပေါက် ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ)ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပ လူနာဌာနသို့ အရောက်တွင် လူနာမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။ ထို့အတွက် အမြန်လမ်းပေါ်တွင် မောင်းနှင်စဥ်စက်ချို့ယွင်း သွားသောယာဥ်များအားလုံးအနေဖြင့် အမြန်လမ်း ပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေး မြေသားပေါ်သို့မဖြစ်မနေရွှေ့ ပြောင်းရန်နှင့် ယာဥ်ကိုတတ်ကျွ မ်းနားလည်သည့် လေ့ကျင့်ထားသူ/...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071