Thursday, June 5, 2025

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...
HomeNewsLocal Newsယခုနှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမ...

ယခုနှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမ ရွေး ချယ်ခံထားရသည့် လူငယ် (၂၀၀)ဦးကျော် နောက်ဆုံးဇကာတင် ရွေးချယ်ပွဲ ပြုလုပ်မည်

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမ ရွေးချယ်ခံထားရသည့် သက်တမ်းအလိုက် လူငယ်ကစားသမား (၂၀၀)ဦး ကျော်အား နောက်ဆုံးဇကာတင် ရွေးချယ်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ရာ၌ ယူ-၁၂ ကစားသမား (၅၂)ဦးအား မေ လ (၁၃)ရက်တွင်လည်းကောင်း၊ ယူ-၁၃ ကစားသမား (၇၁) ဦးအား မေလ (၁၄)ရက်တွင် လည်းကောင်း၊ ယူ-၁၄ ကစား သမား(၁၀၁)ဦး အား မေ (၁၅)ရက်တွင်လည်ကောင်း ရန်ကု န်မြို့ သုဝဏ္ဏ လေ့ကျင့်ရေးကွင်း(၁)တွင် ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မန္တလေးနှင့် ရန်ကုန်မြို့ရှိ အကယ်ဒမီများ အတွက် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ကျောင်းသားသစ်များ ရွေးချယ်ခြင်း အစီအစဉ်တွင် လူငယ်ကစားသမား စုစုပေါင်း (၁,၃၀၀) ကျော်ကိုအဆင့်ဆင့် ရွေး ချယ်ခဲ့ကြခြင်းဖြစ်သည်။

ထိုရွေးချယ်ပွဲများသို့ ဂျပန်နိုင်ငံသား နည်းစနစ်ဒါရိုက်တာ မိတနှင့် နည်းစနစ်ဌာန၊ နည်းပြများ၊ မြန်မာ့လက်ရွေးစင် က စားသမားဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော လုံးအဖွဲ့ချုပ်များ ပါဝင်သည့် ရွေးချယ်ရေး အဖွဲ့များက ရွေး ချယ်ခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071