အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေးနှင့် အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ကျင်းပရန်ရှိနေကြောင်း သိရသည်။
လာမည့် ဖေဖော်ဝါရီလတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ကျင်းပမည်ဖြစ်ကာ မတ်လ၌ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ကျင်းပမည် ဖြစ်သည်။
အစည်းအဝေးများကို ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေး၏
အကြိုညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၂၃)ရက်မှ (၂၆) ရက်အထိ ကျင်းပမည်ဖြစ်ကာ အစည်းအဝေးကြီးကို ဖေဖော်ဝါရီ (၂၇)ရက်နှင့် (၂၈)ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။
ထိုနည်းတူ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးကိုလည်း မတ်လ(၂)ရက်မှ (၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အစည်းအဝေးကြီးကို တက်ရောက်မည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကိုလည်း ကြွရောက်တော်မူရန် ပင့်လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။
ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း ယင်းနေ့ရက်များအတိုင်း ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေကို ကြွရောက်တော်မူရန် ပင့်လျှောက်ကြောင်းလည်း သာသနာရေးဦးစီးဌာနမှ အသိပေးထားသည်။
