Wednesday, June 17, 2026

Mekong Tourism Forum 2026...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ Pan...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့်...

High-Speed Railway G23 ဖြင့်...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway...
HomeNewsLocal Newsမှတ်ပုံမတင်ထားသည့် ဆင်းမ်ကတ်များ စတင်ပိတ်သိမ်းနေ

မှတ်ပုံမတင်ထားသည့် ဆင်းမ်ကတ်များ စတင်ပိတ်သိမ်းနေ

ဖုန်းဆင်းကတ်များ အချက်အလက်မှန်၊ မမှန် စစ်ဆေးပြီး ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြည်လည်ပြင်ဆင်သတ်မှတ်ရန် မိုဘိုင်းအော်ပရိတ်တာများမှ အသိပေးထားသည်။

သတ်မှတ်ရက် နှစ်ပတ်​ကျော်လာသည့် ယခုအခါတွင် ပြည်တွင်း၌ အသုံးပြုနေသည့် ဖုန်းဆင်းမ်ကတ်များထဲမှ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို စတင်ပိတ်သိမ်းမှုတွေပြုလုပ်နေပြီဖြစ်ကြောင်း ဖုန်းသုံးစွဲသူများထံမှ သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ဆင်းမ်ကတ်သုံးစွဲသူများအားပြန်လည် မှတ်ပုံတင်ခိုင်းထားပြီး မှတ်ပုံမတင်သည့် ဆင်းမ်ကတ်တွေကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာထားခြင်းဖြစ်သည်။

“ကျွန်တော်က ဆင်းကတ်နှစ်ကတ်သုံးတာပေါ့။ MPT ကတော့နဂိုကတည်းက မှတ်ပုံတင်ထားတာ။ တယ်လီနောကတော့ မှတ်ပုံမတင်မိဘူး။ အဲဒီတယ်လီနောတစ်ကတ်က ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ လိုင်းမရတော့ဘူး။ ကတ်ကလုံးဝပိတ်သွားတာ။ အော်ပရေတာဆီသွားလုပ်မှ မှတ်ပုံတင်ခိုင်းပြီး  ပြန်ပွင့်လာတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“MPT အပလီ​ကေးရှင်းက​နေ လုပ်ကြည့်တယ်။လုပ်​ဆောင်မူ​အောင်မြင်ပါတယ်​ပြော​ပေမယ့် ဆိုင်မှာပြန်စစ်တဲ့အခါ မှတိပုံတင်ကိုဓါတ်ပုံရိုက်ထားတဲ့ဘေးသား​တွေပါတင်မိတဲ့အတွက် ပြန်လုပ်ရမယ်လို့ဆိုပါတယ်။ ဆိုင်မှာသွားလုပ်လိုက်တာ ပိုအဆင်​ပြေပါတယ်။​စျေးဝယ်စင်တာ​တွေမှာရှိတဲ့ ဖုန်းလိုင်းဝန်​ဆောင်မူ​ကောင်တာ​တွေမှာ MPTက​တော့ ည​နေ ၄နာရီခွဲ​လောက်ထိပဲ ဝန်​ဆောင်မူ​ပေးတယ်။ကျန်တာ​တွေက​တော့ရတယ်”ဟု မြန်မာပလာဇာမှာ သွားလုပ်ခဲ့သူတစ်ဦးက​ပြောသည်။

အသုံးမပြုတာကြာပြီဖြစ်​သောမြန်မာ့ဆက်သွယ်​ရေး ဖုန်းဆင်းမ်ကတ်များ(​ပျောက်ဆုံး)အတွက်ပြန်လည်​လျောက်ထားလိုပါက ယခင်ထုတ်​ပေးဖူးသည့် စာချုပ်၊ ဖုန်းအခွန်​ငွေ​တောင်းသည့်စာအုပ်အနီတို့ကို ယူ​ဆောင်လာကာ ​ပြန်လည်​လျောက်ထားနိုင်ကြောင်းသိရသည်။

ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် အော်ရီဒူး၊ အက်တမ် (တယ်လီနော)၊ MPT ၊ Mytel စသည့် ဆင်းကတ်တွေကို မှတ်ပုံတင်ပြီးမှသာသုံးစွဲရမည်ဖြစ်ပြီး ဆင်းကတ်များမှတ်ပုံတင်ရာတွင်လည်း ဖြည့်စွက်ရမည့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ကာ လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Mekong Tourism Forum 2026 ရန်ကုန်၌ စတင်ကျင်းပ၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Yangon Hotel တွင် ကျင်းပခဲ့ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို ဇွန် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု ဆွေးနွေးမေးမြန်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ အပါအဝင် စုစုပေါင်း ၇၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို နံနက် ၁၁ နာရီတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို့ ရောက်ရှိခဲ့သည်။ Fairmont Peace Hotel သည် ရှန်ဟိုင်းမြို့၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို့၏ သမိုင်းဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071