Friday, June 19, 2026

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ...

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍...
HomeNewsLocal Newsမွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ စနစ်တကျဆောင်ရွက်၍...

မွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ စနစ်တကျဆောင်ရွက်၍ ထုတ်လုပ်မှုများတိုးအောင်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ (၂၆)မိုင်ဘက်စုံစိုက် ပျိုးမွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုအား အောက်တိုဘာ ၁ ရက်ကကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရဲ့ လူဦးရေနှုန်းထားနှင့်တစ်နေ့လို အပ်မည့် အသား၊ငါးနှင့်ဥ အမျိုးမျိုး၊ဟင်းသီး ဟင်းရွက်လိုအပ်ချက်အား တွက်ချက်၍ လိုအပ် ချက်များပြည့်မီစွာစားသုံးနိုင်ရန် ရန်ကုန်တိုင်းအ တွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များမှ ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရမည်ဟု ပြောသည်။

မွေးမြူရေးဇုန်များအား ရန်ကုန်စည်ပင် ပြင်ပမြို့ နယ်များတွင် ထပ်မံတိုးချဲ့သွားရန်လိုကာ ဧရာဝ တီတိုင်းနှင့်ပဲခူးတိုင်းတို့မှ စီးဝင်မှုများကို မထိ ခိုက်အောင် ချိန်ဆဆောင်ရွက်ရမည်ဖြစ်ပြီး အစိုး ရ၊တပ်မတော်တို့အပြင် ပုဂ္ဂလိက စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကိုလည်း အားပေးရန်လိုသည်ဟု ပြောသည်။

“မွေးမြူရေးလုပ်ငန်းအတွက် လျှပ်စစ်၊ရေနဲ့မွေး မြူရေးအစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့လိုပါတယ် ရန်ကုန်မြို့နေ ပြည်သူတွေ အသား၊ငါးနဲ့ ဥအမျိုးမျိုးကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်အောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။ 

မွေးမြူရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများအား ထုတ်ပေးသွားမည်ဖြစ်ကာ မွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ ကျစ်ကျစ်လျစ်လျစ်စနစ်တကျဆောင်ရွက်၍ ထုတ်လုပ်မှုများ ပိုမိုတိုးတက်စေရန် ဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဆိုလာစနစ်ဖြင့်ထုတ်ယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကာ ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မွေးမြူရေးခြံများအတွက် လျှပ်စစ်ဓာတ်အားပေးစနစ်ဆောင် ရွက်ပေးနိုင်မည်ဖြစ်ကာ အခြား အုပ်ချုပ်မှုလုပ် ငန်းများအတွက် လည်း အသုံးပြုနိုင်မည်ဟု ပြောသည်။

“အသားတိုးနွားတွေနဲ့ဒေသမျိုးရင်းနွားတွေ မွေး မြူမှုကို သီးခြားစီဆောင်ရွက်ဖို့လိုပါတယ် အစာ ကျွေးမွေးမှုကစပြီး စနစ်တကျဆောင်ရွက်ရမှာဖြစ်ပါတယ် နွားစာမြက်စိုက်ခင်းတွေအပြင် ပြောင်းကိုလည်း စိုက်ပျိုးလို့ရနိုင်ပြီး ပြောင်းပင်တွေကို ပြောင်းချဉ်ဖတ်လုပ်ပြီး တိရိစ္ဆာန်အစာအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

(၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၏ မူလအဓိကရည်ရွယ်ချက်သည် ပြည်တွင်းရာဘာလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဖြစ်၍ ရာဘာထုတ်ကုန်စက်ရုံများ၏ လိုအပ်ချက်များ ပြည့်မီစေရန် ရည်မှန်းချက်ထားဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကာ ဇုန်အတွင်း ရာဘာစိုက်ပျိုးရန်သတ်မှတ်ပေးထားသည့် မြေနေရာ များ၌ ရာဘာကိုသာ အတတ်နိုင်ဆုံး စိုက်ပျိုးရမည်ဟု ပြောသည်။

ဘဲမွေးမြူရာတွင် ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန်ကာလတို့အား စနစ်တကျတွက်ချက်ချိန်ညှိ၍ အသုတ်လိုက်မွေးမြူသည့် စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဲမွေးမြူရေးလုပ်ငန်းများအား ယခုထက်ပိုမို အောင်မြင်စေရန်နှင့်ကျယ်ကျယ်ပြန့်ပြန့် သုတေ သနပြုဆောင်ရွက်၍ ဒေသမျိုးရင်းဘဲများကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုသည်ဟု ပြောသည်။

“စိုက်ပျိုးမွေးမြူရေးဇုန်က ထွက်ရှိလာတဲ့ ထုတ် ကုန်ပစ္စည်းတွေကို ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး ပြည်သူတွေ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူသုံးစွဲနိုင်ဖို့ ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် (၂၆) မိုင်ဘက်စုံစိုက် ပျိုးမွေးမြူရေးဇုန်အတွင်းရှိ နို့စားနွား၊အသားတိုးနွားမွေးမြူထားရှိမှု၊အစာစက်စက်ရုံနှင့်နို့ထွက်ပ စ္စည်းထုတ်လုပ်နေမှု၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင်...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏ အိမ်သုံးစမတ်စွမ်းအင်စနစ်များ မကြာမီခေတ်စားလာဖွယ်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကားထုတ်လုပ်ရုံတင်မကဘဲ ၎င်းတို့၏ အဆင့်မြင့်ဘက်ထရီနည်းပညာများကို အခြေခံကာ အိမ်သုံးစွမ်းအင်သိုလှောင်မှုစနစ် (Home Energy Storage) ကဏ္ဍထဲအထိ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် LEAPMOTOR က ပြသထားသည့် အိမ်သုံးအဆင့်မြင့် စမတ်စွမ်းအင်နှင့် ဘက်ထရီသိုလှောင်မှုစနစ်သည် နည်းပညာလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇွန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071