Wednesday, April 22, 2026

မြဝတီမြို့၌ FDA ခွင့်ပြုချက်မရှိသော စားသောက်ကုန်များနှင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စျေးများနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များမှသိမ်းဆည်းရမိသော FDA ခွင့်ပြုချက်မရှိသည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်စာသောက်ကုန်များကို ဧပြီ ၂၁ ရက်က မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း...

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော်...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့်...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့်...

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက...
HomeCelebrities' Newsမွေးနေ့မှာ စက်မှုအလွှာက ရုပ်ရှင်...

မွေးနေ့မှာ စက်မှုအလွှာက ရုပ်ရှင် အနုပညာမောင်နှမတွေကို ဆုံတွေ့ပြီး လှူခွင့်ရလို့ တန်ဖိုးထားပြီး ပျော်တယ် ဆိုတဲ့ ခိုင်သင်းကြည်

မွေးနေ့မှာ စက်မှုအလွှာက ရုပ်ရှင်အနုပညာမောင်နှမတွေကို ဆုံတွေ့ပြီး လှူခွင့်ရလို့ တန်ဖိုးထားပြီး ပျော်တယ်ဆိုတဲ့ခိုင်သင်းကြည်

အကယ်ဒမီ သရုပ်ဆောင်ခိုင်သင်းကြည်က ဒီကနေ့စက်တင်ဘာလ၂၇ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အလှူအဖြစ် ဓမ္မဝိဟာရ စာသင်ကျောင်း အတွက် နဝကမ္မအလှူငွေ၅သိန်း၊ရုပ်ရှင်စက်မှုအလွှာ စက်အဖွဲ့သားများအတွက် အလှူငွေ၃၅သိန်းနဲ့ သရုပ်ဆောင် အေးသီတာ တို့ရဲ့ရူတင်ထမင်းဘူး ၃၀၀ကိုလည်း စက်အဖွဲ့သားများ အတွက် လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှာ ရုပ်ရှင်စက်အဖွဲ့သား များအတွက် အလှူငွေများလှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ခိုင်သင်းကြည်ကအခုလိုပဲပြောပြခဲ့ပါတယ်။

“ မခိုင်က အဓိကစက်အဖွဲ့သားတွေကို လှူဖြစ်တာက စက်မှုအလွှာဆို အခုကာလကကားရိုက်တွေ လည်းအကုန် နားထားတဲ့ အချိန်ဖြစ် တော့ အခက်အခဲတွေ ရှိတော့ မခိုင်ရဲ့မွေးနေ့မှာ စက်အဖွဲ့တွေအတွက် လှူဒါန်းဖြစ်တာပါ။ ပြီးတော့ သူတို့တွေနဲ့ မတွေ့ရတာလည်း ကြာပြီ။ မတွေ့ရတာက ပြီးခဲ့တဲ့ ၂၀၂၀ ချောင်းသာမှာဇာတ်ကားရိုက်ပြီးကတည်းကဆိုတော့ အခုဆိုရင် ၂နှစ်ပါးလောက် ရှိသွားပြီ။ အခုသူတို့တွေကို ပြန်တွေ့ရတဲ့အခါကျတော့ သူတို့ကိုမြင်ပြီးတော့ ကြည်နူးတယ်။သူ တို့နဲ့ပြန်တွေ့ရတာ အရင်တုန်းက ကိုဗစ်တွေ မဖြစ်ခင် ကာကလ အချိန်လေးတွေ လွမ်းမိတယ်။ ကိုဗစ်တတိယလှိုင်းကိုဖြတ်ကျော်ပြီး ဒီအချိန်မှာ ကျန်းကျန်းမာမာနဲ့ အကုန်လုံးပြန်ဆုံ ရတာလည်း နည်းတဲ့ ကုသိုလ်ကံလား၊ မသေလို့ တွေ့ကြရတာမို့ ပိုတန်ဖိုးထားပြီး ပျော်တယ်။ နောက်တခုက လွန်ခဲ့တဲ့နှစ် ၂၀ကျော် လောက်မှာ မခိုင် သရုပ်ဆောင်တဲ့ ကားကို ပထမဦးဆုံးအနေနဲ့ ကင်မရာမန်းအနေနဲ့ ရိုက်ပေးခဲ့တဲ့ ညွန့်ညွန့် ( အကယ်ဒမီဦးသန်းညွန့်)တို့နဲ့ အခုလိုမျိုး ကျန်းကျန်းမာမာ ပြန်တွေ့ရတဲ့ အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ သူဆို အတော်နေမကောင်း ဖြစ်လိုက်သေးတာလေ။” လို့ပြော ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071