တရုတ်နိုင်ငံ၊ ဂွမ်ဒုံး စက်မှုဇုန်ရှိ DeRucci ၏ ခေတ်မီ နည်းပညာဆန်းသစ်မှုများကို လေ့လာကြည့်ရှုသည့်အခါ AI သည် လူသားတို့၏ နေ့စဉ် လူနေမှုဘဝ အတွင်းသို့ ခေတ်သစ် အသွင်ကူးပြောင်းမှုအဖြစ် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လာပြီဖြစ်ကြောင်း ထင်ရှားစွာ မြင်တွေ့ရသည်။
ယခင်က မွေ့ရာဆိုသည်မှာ ရိုးရှင်းသော အနားယူရာ ပရိဘောဂတစ်ခုမျှသာ ဖြစ်သော်လည်း DeRucci ၏ နည်းပညာကြောင့် AI အခြေခံ “စမတ် မွေ့ရာ” အဖြစ် ပြောင်းလဲသွားခဲ့ပါသည်။
ဘဝ၏ အရည်အသွေး ကိုမြှင့်တင်ခြင်းတွင် အိပ်စက်ခြင်း၊ မှန်ကန်သော အာဟာရစားသုံးမှု၊ ထိရောက်သော အားကစားနှင့် လေ့ကျင့်ခန်း တို့ ပါဝင်သည်။
ခန္ဓာကိုယ်၏ အလေးချိန် ဖိအား၊ အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့ကို အိပ်စက်နေစဉ်အတွင်း AI Sensor များဖြင့် မပြတ်မလပ် စောင့်ကြည့်ပေးမှုသည် ယခင်က ဆေးရုံများတွက်သာ လုပ်ပေးသည့် sleep test မှသည် လူတို့၏ နေ့စဥ်သုံး ပစ္စည်း တစ်ခုအဖြစ် လှမ်းလာနေချေပြီ။
အိပ်စက်သူ၏ အိပ်စက်သည့် ပုံစံ၊ ခန္ဓာကိုယ် အနေအထားနှင့် အလေးချိန်တို့အပေါ် မူတည်၍ မွေ့ရာအတွင်းရှိ စိမ့်ဝင်အကူစနစ်များကို AI က အလိုအလျောက် ပုံစံညှိပေးသည်။
အိပ်စက်မှု အရည်အသွေးကို လေ့လာပြီး ကျန်းမာရေးအတွက် သင့်တော်သည့် အကြံပြုချက်များကို ထုတ်ပေးခြင်းဖြင့် AI ကို ကျန်းမာရေးဆိုင်ရာ လက်ထောက်တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့သည်။
ကျောက်ခေတ်လူသားတို့၏ ဂူကြီးများအတွင်းနေထိုင် အိပ်စက် မှုမှသည် AI ပါဝင်သော မွေ့ယာ နှင့် ဂူကဲ့သို့ ပိတ်ကားမျက်နှာကျက်တွင် မိမိခံစားလိုသည့်နေရာများကို ဗီဒီယို များဖွင့်ကာ အနံ့သက်ကိုလည်း အခန်းတွင်းပေးထားခြင်းဖြင့် 4D ဖြင့် အနားယူခြင်းမျိုး ခံစားရနိုင်ပြီဖြစ်သည်။
မွေ့ယာ ထုတ်သည့်ကုမ္မဏီသည် အိပ်စက်မှုအရည်သွေးမြင့်စေမည့် အနံ့၊ခံစားချက်၊ပန်းနှင့်သစ်ဖု ခြောက် လဖက်ရည်၊အထိအတွေ့၊ အသံလုံမှု နှင့် စိတ်ဖိစီးမှုလျော့ချပေးမည့် အသံ ဖန်တီူမှုတို့ကအစ ကျန်းမာရေးနှင့် ညီညွတ်အောင်ထည့်သွင်းစဥ်းစားလာကြသည်။
စံနမူနာပြ DeRucci စက်ရုံသည် သာမန် ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခု ထက်ကျော်လွန်၍ မိမိတို့၏ စိတ်ကူးရည်မှန်းချက်များကို အနုပညာဆန်ဆန် ပုံဖော်ပြသထားသည့် ထူးခြားသော နမူနာတစ်ခု ဖြစ်ပါသည်။
အားကစားသမားများ၏ အိပ်စက်မှုဆိုင်ရာ ဒေတာများကို AI နည်းပညာဖြင့် စောင့်ကြည့် စိစစ်ပေးကာ ၎င်းတို့၏ ကြွက်သား ပြန်လည် အနားရရှိရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် စမတ်စနစ်များဖြင့် ပံ့ပိုးပေးခြင်းကိုလည်း လုပ်ဆောင်ပေးသည်။
အိပ်စက်မှု အရည်အသွေး မြင့်မားစေရန်အတွက် နည်းပညာဆန်းသစ်မှုများကို အစဉ်မပြတ် တီထွင်ဖန်တီးနေသည်။
ကုမ္မဏီ၏ ဆောင်ပုဒ်များမှာ “Sleep well, dream big” (ကောင်းမွန်စွာ အိပ်စက်ပါ၊ အိပ်မက်ကြီးကြီး မက်ပါ) နှင့် “Sleep better tonight” (ဒီနေ့ည ပိုမို ကောင်းမွန်စွာ အိပ်စက်ပါ) ဆိုသည့်အတိုင်း လူသားတို့၏ ညစဉ် အိပ်စက်မှုကို AI နည်းပညာဖြင့် ကာကွယ် စောင့်ရှောက်ပေးနေပါသည်
AI Lifestyle ၏ စစ်မှန်သော အဓိပ္ပာယ်မှာ မမြင်ရသော်လည်း အမြဲပါဝင်နေခြင်းဖြစ်သည်။AI သည် ကျွန်ုပ်တို့ သတိမမူမိဘဲ အသုံးပြုနေသည့် မွေ့ရာကဲ့သို့ အသုံးအဆောင်များထဲတွင် ငြိမ်သက်စွာ ကူညီပေးနေပြီဖြစ် ဖြစ်သည်။
AI သည် လူသားတို့ကို အစားထိုးရန် မဟုတ်ဘဲ၊ ပိုမို အေးချမ်းစွာ အနားယူနိုင်ရန် (Good Sleep) တွင်ပါဖြည့်ဆည်းပေးပြီးနေပြီဖြစ်သည်။
