Monday, June 29, 2026

မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံး ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများ...

မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန် ၇...

တင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့...

အမေရိကန်နဲ့ အီရန်ကြားက ပဋိပက္ခတွေ နောက်ဆုံးအကြိမ် ထပ်မံဆိုးရွားလာတဲ့အပေါ် သင်္ဘောလိုင်းတွေက စိုးရိမ်လာကြတာကြောင့် ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘောတွေ နည်းသွားတယ်လို့ သင်္ဘောလမ်းကြောင်း...

ဆော်ဒီ Aramco ကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့်...

ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန် ၂၉ ရက်က ဟော်မုဇ်ရေလက်ကြား အနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ...

လွှတ်တော်ရပ်နားကာလအတွင်း မဲဆန္ဒရှင်များထံ အရောက်သွားရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ...

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပရန် လျာထား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခေတ္တရပ်နားထားသည့် ကာလအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများရှိ မဲဆန္ဒရှင်ပြည်သူများထံ အရောက်သွားရောက်ကာ လွှတ်တော်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး...
HomeMoviesရန်ကုန်တိုင်း၌ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန်...

ရန်ကုန်တိုင်း၌ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ရရှိပါက ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည်ဟု စည်ပင်ဝန်ကြီးပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်၏ လမ်းညွှန်ချက်ရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယနေ့ (ဇွန် ၂၉ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသော်တာ၏ “ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော ဝန်ထမ်းများအား မြေကွက်ချထားပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာရေးဝန်ကြီးက လက်ရှိအစိုးရတာဝန်ယူသည့် အစောပိုင်းကာလအတွင်း မြို့ပြစီမံကိန်းများ ရေးဆွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းများ ရေးဆွဲပြီးစီးပါက ပြည်ထောင်စုအဆင့်သို့ တင်ပြ၍ လမ်းညွှန်ချက်များ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုအဆင့်မှ လမ်းညွှန်ချက်များ ရရှိပြီးနောက်မှသာ တိုင်းဒေသကြီးအဆင့်အနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

“လက်ရှိမှာ မြို့ပြစီမံကိန်းတွေကို ရေးဆွဲနိုင်ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။ အဲဒီအဆင့်တွေ ပြီးမြောက်ပြီးမှသာ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် မြေကွက်ချထားပေးရေးကို စီစဉ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်အောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးမည့် အစီအစဉ် မရှိသေးသော်လည်း မြို့ပြစီမံကိန်းများ ရေးဆွဲအတည်ပြုပြီး လိုအပ်သည့် လမ်းညွှန်ချက်များ ရရှိပါက သက်ဆိုင်ရာအစီအစဉ်များကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံး ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများ စတင်ဆောင်ရွက်

မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန် ၇ ရက်မှစတင်ကာ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါရုံးသည် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ၁၉ လမ်းရှိ မွန်ညီညွတ်ရေးပါတီ (ဗဟို) ရုံးနှင့် တွဲဖက်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ ပြည်သူများ၏ လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့် ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပါတီဘက်မှ ထုတ်ပြန်ထားသည်။ ထို့ပြင် မိဘပြည်သူများအနေဖြင့် မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးနှင့် တိုက်ရိုက်ဆက်သွယ်၍ အတူ တကွ...

တင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောအရေအတွက် ၈၀ ရာခိုင်နှုန်း ကျဆင်းသွား

အမေရိကန်နဲ့ အီရန်ကြားက ပဋိပက္ခတွေ နောက်ဆုံးအကြိမ် ထပ်မံဆိုးရွားလာတဲ့အပေါ် သင်္ဘောလိုင်းတွေက စိုးရိမ်လာကြတာကြောင့် ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘောတွေ နည်းသွားတယ်လို့ သင်္ဘောလမ်းကြောင်း ခြေရာခံတဲ့ ဝန်ဆောင်မှုတွေဆီက အချက်အလက်တွေကို ကိုးကားပြီး Bloomberg သတင်းဌာနက သတင်းဖော်ပြထားပါတယ်။ အဲဒီအချက်အလက်တွေအရ တနင်္ဂနွေနေ့က ရေလက်ကြားရဲ့ နှစ်ဖက်စလုံးကနေ ဖြတ်သန်းသွားတဲ့ သင်္ဘော ၁၂ စီးပဲ ရှိပါတယ်။ ဒါဟာ ရေနံတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရတဲ့ စနေနေ့က မှတ်တမ်းတင်ထားတဲ့ အရေအတွက်ရဲ့ တစ်ဝက်တောင် မရှိပါဘူး။ အဲဒီနေ့ (စနေနေ့) တုန်းကဆိုရင်...

ဆော်ဒီ Aramco ကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန် ၂၉ ရက်က ဟော်မုဇ်ရေလက်ကြား အနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ (Ras Tanura) ဒေသတွင် ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရှိရသေးဘဲ သက်ဆိုင်ရာအာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Saudi Aramco သည် လေးလနီးပါး ရပ်နားထားခဲ့သည့် ရက်စ်တန်နူရာဆိပ်ကမ်း၌ ရေနံစိမ်းတင်ဆောင်မှုလုပ်ငန်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071