Tuesday, May 12, 2026

ထိုင်ဝမ်ကို ဒဗ္ဗလျူအိတ်ခ်ျအို ညီလာခံ တက်ခွင့်မပြု-...

လာမည့်သီတင်းပတ်တွင် စတင်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို) ၏ နှစ်ပတ်လည်ညီလာခံတွင် ထိုင်ဝမ်ကို ပါဝင်တက်ရောက်ခွင့်မပြုကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့ သော်လည်းထိုင်ဝမ်ကမူ တရားဝင်အစည်းအဝေး၏ ပြင်ပအစည်းအဝေများအတွက်...

နိုင်ငံရေးအသာစီးရရန် ထရမ့်ပ် တရုတ်နိုင်ငံသို့ ဦးတည်

ပေကျင်း၊ မေ ၁၂ ရက် လွန်ခဲ့သောတစ်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အခွန်တိုးမြှင့်ကောက်ခံမှုများဖြင့် ၎င်း၏အဓိကစီးပွားရေးပြိုင်ဘက် တရုတ်နိုင်ငံကို ဒူးထောက်စေမည်ဟု ဟောကိန်းထုတ်ခဲ့ဖူးသည်။ သို့သော် ယခု ရက်သတ္တပတ်...

ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများ...

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့ (မေလ ၁၂ ရက်)...

ကမာကေးကျေးရွာရှိ ချောင်းတူးဖော်ချဲ့ထွင်နေမှုကို ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာကေးကျေးရွာရှိ ချောင်းပြန်လည်တူးဖော်ချဲ့ထွင်ရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မွန်ညီညွတ်ရေးပါတီ...
HomeMoviesမြဝတီ-မဲဆောက် အမှတ်(၂)တံတား ပိတ်ထားသည့်ကာလအတွင်းက...

မြဝတီ-မဲဆောက် အမှတ်(၂)တံတား ပိတ်ထားသည့်ကာလအတွင်းက ကျန်ရှိကုန်စည်များ ပြန်လည်တင်သွင်းနိုင်ရေး စာရင်းကောက်ယူနေ

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားမပိတ်ခင် သွင်းကုန်လိုင်စင်ကျပြီး မတင်သွင်းရသေးသည့်ကုန်စည်များ ပြန်လည်တင်သွင်းနိုင်ရေးအတွက် စာရင်းကောက်ယူနေကြောင်း မြဝတီနယ်စပ်ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုတွင် တံတားမပိတ်မီကတည်းက သွင်းကုန်လိုင်စင်လျှောက်ထားဆဲဖြစ်ပြီး ထိုင်းနိုင်ငံ Free Zone အတွင်းရှိ ကုန်ပစ္စည်းများ၊ သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းရန်ကျန်ရှိသော ကုန်ပစ္စည်းများ၊ သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းထားပြီး အကောက်ခွန်ဂျူတီ မဆောင်ရသေးသည့် ကုန်ပစ္စည်းများနှင့် အကောက်ခွန်ဂျူတီ ဆောင်ပြီးသား ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

” တံတားမပိတ်ခင်တုန်းက သွင်းကုန်လိုင်စင်ကျပြီးသားသူတွေက သက်တမ်းကုန်သွားတာပေါ့။ အဲဒီဟာတွေ ပြန်လျှောက်ကြတယ်။ နောက်တစ်ခုက လိုင်စင်လျှောက်ထားဆဲပေါ့၊ တံတားမပိတ်ခင်တုန်းက လျှောက်ထားတယ်၊ ဒါပေမယ့်မကျသေးဘူး၊ အဲဒီလိုဟာတွေလည်း လျှောက်ကြတယ်။ ဒါပေမယ့်ဘယ်လိုပုံစံမျိုးနဲ့ ပြန်ချပေးမလဲဆိုတာကိုတော့ မပြောထားဘူး။ တံတားပြန်ဖွင့်မယ့်ရက်ကိုလည်း ဘယ်ဘက်ကမှ အတိအလင်း တရားဝင်ကြေညာထားတာတော့မရှိသေးဘူး”ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုသို့တင်ပြခြင်းကို ပြီးခဲ့သည့်ဧပြီလက ကြေညာခဲ့ခြင်းဖြစ်ပြီး ကုန်သည်အများစုက လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို သင်္ကြန်ကာလအပြီးပြန်ဖွင့်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တံတားနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားချက်မရှိကြောင်း ကုန်သည်များက ဆိုသည်။

အဆိုပါတံတားပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါက ရပ်ဆိုင်းနေသည့် တရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်သကဲ့သို့ ဒေသတွင်း စီးပွားရေးလည်း ပြန်လည်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်ဝမ်ကို ဒဗ္ဗလျူအိတ်ခ်ျအို ညီလာခံ တက်ခွင့်မပြု- တရုတ်

လာမည့်သီတင်းပတ်တွင် စတင်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို) ၏ နှစ်ပတ်လည်ညီလာခံတွင် ထိုင်ဝမ်ကို ပါဝင်တက်ရောက်ခွင့်မပြုကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့ သော်လည်းထိုင်ဝမ်ကမူ တရားဝင်အစည်းအဝေး၏ ပြင်ပအစည်းအဝေများအတွက် ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။  ဒီမိုကရေစီနည်းကျအုပ်ချုပ်သော ကျွန်းကို ၎င်း၏ ပိုင်နက်အဖြစ် သတ်မှတ်သော ပေကျင်း၏ ကန့်ကွက်မှုများကြောင့် ထိုင်ဝမ်သည် နိုင်ငံတကာအဖွဲ့အစည်းအများစုမှ ချန်လှပ်ခံထားရသည်။ တရုတ်နိုင်ငံနှင့် အထင်ကရ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည့် သမ္မတ မာရင်ကျိုးလက်ထက်တွင်မူ ထိုင်ဝမ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဒဗ္ဗလျူအိပ်ချ်အို၏ ကမ္ဘာ့ကျန်းမာရေးညီလာခံ(ဒဗ္ဗလျူအိပ်ချ်အေ) သို့...

နိုင်ငံရေးအသာစီးရရန် ထရမ့်ပ် တရုတ်နိုင်ငံသို့ ဦးတည်

ပေကျင်း၊ မေ ၁၂ ရက် လွန်ခဲ့သောတစ်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အခွန်တိုးမြှင့်ကောက်ခံမှုများဖြင့် ၎င်း၏အဓိကစီးပွားရေးပြိုင်ဘက် တရုတ်နိုင်ငံကို ဒူးထောက်စေမည်ဟု ဟောကိန်းထုတ်ခဲ့ဖူးသည်။ သို့သော် ယခု ရက်သတ္တပတ် တရုတ်နိုင်ငံသို့ သွားရောက်ချိန်တွင်မူ ထိုရည်မှန်းချက်မှာ တရားရုံးဆုံးဖြတ်ချက်များကြောင့် မှေးမှိန်သွားခဲ့ရပြီး ပဲမျိုးစုံ၊ အမဲသားနှင့် ဘိုးရင်း လေယာဉ်အရောင်းအဝယ် အနည်းငယ်ရရှိရေးနှင့် လူထုထောက်ခံမှုကျဆင်းနေသော အီရန်စစ်ပွဲကို အဆုံးသတ်ရန် တရုတ်၏အကူအညီရယူရေးဟူသော ပန်းတိုင်သာ ကျန်ရှိတော့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ မေလ ၁၄ ရက် နေ့မှ ၁၅ ရက် နေ့အထိ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့်...

ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းတွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပေးနှိုးဆော်မှုတွင် ဝန်ထမ်းများက ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များနှင့် သာယာမိုးကွက်သစ်ရှိ ဒေသခံပြည်သူများထံသို့ သွားရောက်ကာ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ခြင်းဖြစ်သည်။ အဓိက အသိပေးနှိုးဆော်ချက်များမှာ - ငလျင်ဘေးအန္တရာယ် ငလျင်လှုပ်ခတ်ချိန်တွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များ။ လေပြင်းဘေး မိုးဦးကာလတွင် ဖြစ်ပေါ်တတ်သည့် လေပြင်းဘေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး နည်းလမ်းများ။ ထိခိုက်မှုလျှော့ချရေး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန် သတိပြုရှောင်ရှားသင့်သည့် အပြုအမူများအား အသေးစိတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071