မြန်မာကိုယ်စားပြု E Sport အသင်းဖြစ်တဲ့ Yangon Galacticos အသင်းကတော့ ၂၀၂၅ PUBG MOBILE WORLD CUP (PMWC 2025) ချန်ပီယံဆုကို ပထမဆုံးရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Grand Final ပြိုင်ပွဲတလျှောက် အကောင်းဆုံးလက်စွမ်းများပြသနိုင်ခဲ့ပြီး Grand Final ပွဲစဉ်တွေမှာ chicken(၅)ပွဲထိရယူနိုင်ခဲ့ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရအကောင်းဆုံး ရှိခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ဆော်ဒီ နိုင်ငံမှာ ကျင်းပနေခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ PUBG ပြိုင်ပွဲကြီးဖြစ်ပြီး နိုင်ငံပေါင်းစုံက E Sport အသင်းများဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
