Monday, August 31, 2026

၂၀၂၇ ခုနှစ် မတ်လကုန်၌ အလုံးစုံပြီးစီးမည့်...

မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၏ တံတားအ မှတ်(၆၉၁)စမုံချောင်းတံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံရာမှပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် အရှည်(၃၆၄ ဒသမ ၁၇)ပေရှိ ကြိုတင်အားဖြည့်...

နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေရေးအတွက် မြစ်ကြီးနားမြို့အဝင်...

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ အုပ်စု၊ မိုင်းနားကျေးရွာ၏ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို သြဂုတ် ၂၉ ရက်နံနက် ၁၀ နာရီခွဲကစတင်ဖွင့်လှစ်ပြီး ကုန်စစ်ဆေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနှင့် ဘယ်လာရုစ်...

နေပြည်တော်၊ ဩဂုတ် ၂၃ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (ဩဂုတ် ၂၃ ရက်) ညနေပိုင်းတွင်...

နိုင်ငံတော်သမ္မတ ပေးအပ်သည့် မာရဝိဇယပုံစံတူ ဗုဒ္ဓရုပ်ပွားတော်မြတ်အား...

ကီဇီးလ်၊ ဩဂုတ် ၂၂ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တူဗာပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav...
HomeNewsLocal Newsမြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတ...

မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား၊

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် မင့်စ်၊ ဩဂုတ် ၂၀ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ President Hotel ၌ ယနေ့ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် သို့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဘယ်လာရုစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။ နိုင်ငံတော်သမ္မတက မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာ၍ လက်တွေ့ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ တိုးချဲ့ရန်နှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၇ ခုနှစ် မတ်လကုန်၌ အလုံးစုံပြီးစီးမည့် မန္တလေး -နေပြည်တော်ရထားလမ်းပိုင်းပေါ်မှ စမုံတံတားသစ် 

မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၏ တံတားအ မှတ်(၆၉၁)စမုံချောင်းတံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံရာမှပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် အရှည်(၃၆၄ ဒသမ ၁၇)ပေရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတားအဖြစ်အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်၌ (၆၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ ၂၀၂၇ ခုနှစ် မတ်လကုန်တွင် တံတားနှင့် ချဉ်းကပ်ရထားလမ်းများအားလုံးပြီးစီးမည်ဖြစ်ပြီး အစုန်၊ အဆန် ရထားများပြေးဆွဲနိုင်မည်ဖြစ်သည်။ အဆိုပါ တံတားသစ်တည်ဆောက်နေမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက သြဂုတ် ၃၀ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ချဉ်းကပ်ရထားလမ်းများအား တံတားနှင့်တစ်ပြိုင်တည်းပြီးစီးရေးဆောင်ရွက်ရန်၊ ချောင်းကမ်းပါးနံရံများပြိုကျပိတ်ဆို့မှုမရှိစေရေး မြေထိန်းနံရံများ ဆက်လက်ဆောင်ရွက်ရန်၊ ရေလမ်းကြောင်းကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေရေးအတွက် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ အုပ်စု၊ မိုင်းနားကျေးရွာ၏ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို သြဂုတ် ၂၉ ရက်နံနက် ၁၀ နာရီခွဲကစတင်ဖွင့်လှစ်ပြီး ကုန်စစ်ဆေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချော့မွေ့စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန် ဘဏ္ဍာများတိုးပွားရရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးတို့အတွက် ဖွင်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်နိုင်ခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေကာ တရားမဝင်ကုန်သွယ်မှုများပပျောက်ပြီးပြည်နယ်အတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် တိရစ္ဆာန်အစာ များပြတ်လပ်မှုမရှိစေရေးပင်ဖြစ်သည်ဟု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနှင့် ဘယ်လာရုစ် တရားဝင်ခရီးစဉ်များအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂၃ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (ဩဂုတ် ၂၃ ရက်) ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှင်ကိုတို့၏ ဖိတ်ကြားချက်များအရ အဆိုပါနိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ခြင်းဖြစ်သည်။ တရားဝင်ခရီးစဉ်များအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ရုရှားသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071