Sunday, September 20, 2026

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...
HomeNewsLocal Newsမြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကိုဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) General Direk Bongkarn တို့ဆွေးနွေးခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ထိုင်းဘုရင့်ကြည်း တပ်ဦးစီးချုပ်ရုံး၏ General Direk Bongkarn အား ယနေ့ ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်းနယ်စပ်ဒေသတွင်ဖြစ် ပွားလျက်ရှိသည့် တရားမဝင်လူကု-န်ကူးမှုများ၊ Online ငွေကြေးလိ-မ်လ-ည်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအ ပေါ် မြန်မာနိုင်ငံမှအရေးယူထားရှိမှုနှင့် ဆက် လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ် စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သ တင်းအချက်အလက်များအပြန်အလှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်ကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်း နှီးမှုများကောင်းမွန်လျက်ရှိမှု၊ တပ်မတော်နှစ်ရပ်ကြား ခေါင်ဆောင်များနှင့်အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်းဆက်ဆံရေးတိုး တက်ကောင်းမွန်လျက်ရှိကာ ပူးပေါင်းဆောင် ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင် ငံတပ်မတော်နှစ်ရပ်ကြား အဆင့်အလိုက်အစည်းအဝေးများကို နှစ်စဉ်အောင်မြင်စွာကျင်းပနိုင်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင် ညစဉ် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေးအစီအစဉ်အရ သိရသည်။ အဆိုပါ တရားပွဲများကို ညစဉ် ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် ရွှေမင်းဝံဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၊ စက်တင်ဘာ ၂၁ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ စက်တင်ဘာ ၂၂ ရက်တွင် အဝေရာရာမ...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျိုရှုအာဗန်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071