Wednesday, June 17, 2026

မြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံး WBC/OPBF နိုင်ငံတကာခါးပတ်လုပွဲ...

မြန်မာနိုင်ငံ ပရော်ဖက်ရှင်နယ်ဘောက်ဆင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် WBC/OPBF က တရားဝင်အသိအမှတ်ပြုသည့် WBC/OPBF Myanmar International Belt ခါးပတ်လုပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်...

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက်...

ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati Kromluang Rajasarini Siribajra Mahavajrarajadhita ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

ရထားသံလမ်းတွေမှာ ကွန်ကရစ်မလောင်းဘဲ ကျောက်ခဲတွေပဲ ဘာကြောင့်...

ရထားလမ်းတစ်ခုကို ကြည့်လိုက်လျှင် ရထားသံလမ်းနှင့် ဇလီဖားတုံးများ၏ ဘေးပတ်ပတ်လည်တွင် ထောင့်ချွန်ကျောက်ခဲလေးများ အပြည့်ခင်းထားသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အင်ဂျင်နီယာအခေါ်အရ "Track Ballast" (လမ်းခင်းကျောက်) ဟု...
HomeNewsLocal Newsမြန်မာ-တရုတ် မီးရထားလမ်းဖောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ...

မြန်မာ-တရုတ် မီးရထားလမ်းဖောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ ခေတ်မီမီးရထားတည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာခဲ့သည်။

လေ့လာရေးခရီးစဉ်အတွင်း CRCC တာဝန်ရှိသူများက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မီးရထားလမ်းတည်ဆောက်ရေး နည်းပညာများနှင့် ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် မီးရထားလမ်းဖောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မီးရထားကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး မီးရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်များ တိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို လေ့လာခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံး WBC/OPBF နိုင်ငံတကာခါးပတ်လုပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ပရော်ဖက်ရှင်နယ်ဘောက်ဆင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် WBC/OPBF က တရားဝင်အသိအမှတ်ပြုသည့် WBC/OPBF Myanmar International Belt ခါးပတ်လုပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ ဦးစိုးသန်းနိုင်က ပြောကြားသည်။ မကြာသေးမီက ဂျပန်နိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယင်းခရီးစဉ်၏ အကျိုးဆက်ကောင်းတစ်ရပ်အဖြစ် WBC/OPBF အဖွဲ့ချုပ်က မြန်မာနိုင်ငံအတွက် တရားဝင် Title Match ခါးပတ်လုပွဲ ကျင်းပခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မြန်မာကစားသမားများ၏ ပရော်ဖက်ရှင်နယ်အဆင့်...

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati Kromluang Rajasarini Siribajra Mahavajrarajadhita ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား တော်ဝင်မင်းသမီး ကံတော်ကုန်လွန်ခဲ့ခြင်းအပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ထိုင်းတော်ဝင်မိသားစုဝင်များ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူများအား စာနာဝမ်းနည်းကြောင်း သဝဏ်လွှာမှတ်တမ်း ရေးသားခဲ့ကြောင်း သိရသည်။ တော်ဝင်မင်းသမီး Princess Bajrakitiyabha သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071