Wednesday, June 17, 2026

မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရာတွင် ဦးဆောင်ပေးရန်...

ဂျီ-၇ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံစဉ် မြောက်ကိုရီးယားနှင့် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...
HomeNewsLocal Newsမြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံး WBC/OPBF...

မြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံး WBC/OPBF နိုင်ငံတကာခါးပတ်လုပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ပရော်ဖက်ရှင်နယ်ဘောက်ဆင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် WBC/OPBF က တရားဝင်အသိအမှတ်ပြုသည့် WBC/OPBF Myanmar International Belt ခါးပတ်လုပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ ဦးစိုးသန်းနိုင်က ပြောကြားသည်။

မကြာသေးမီက ဂျပန်နိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယင်းခရီးစဉ်၏ အကျိုးဆက်ကောင်းတစ်ရပ်အဖြစ် WBC/OPBF အဖွဲ့ချုပ်က မြန်မာနိုင်ငံအတွက် တရားဝင် Title Match ခါးပတ်လုပွဲ ကျင်းပခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မြန်မာကစားသမားများ၏ ပရော်ဖက်ရှင်နယ်အဆင့် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာစင်မြင့်တွင် အောင်မြင်မှုများ ရရှိစေရေး ရည်ရွယ်၍ မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင်က ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့် PBM ပြိုင်ပွဲ (၃) ကြိမ်အပေါ် အခြေခံ၍ အဆင့်ဆင့်ကျင်းပသွားမည်ဖြစ်သည်။ ပထမအဆင့် PBM-10 ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ဝိတ်တန်း (၄) တန်းဖြင့် ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ဝိတ်တန်း (၂) တန်းမှ ကစားသမားများ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ဒုတိယအဆင့် PBM-11 ပြိုင်ပွဲကို စက်တင်ဘာလအတွင်း ဆက်လက်ကျင်းပမည်ဖြစ်ကာ PBM-10 မှ ဆန်ခါတင်ရွေးချယ်ခံရသည့် ထိပ်တန်းကစားသမားများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲအဆင့် PBM-12 တွင် အဆင့်ဆင့်ဖြတ်ကျော်လာသည့် အကောင်းဆုံးကစားသမားများက WBC/OPBF Myanmar International Belt တရားဝင်နိုင်ငံတကာခါးပတ်အတွက် Title Match အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

WBC/OPBF ၏ တရားဝင်မြန်မာခါးပတ်ကို စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ဝိတ်တန်း (၂) တန်းအပေါ် အဓိကထား၍ ဆန်ခါတင်ရွေးချယ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဝိတ်တန်းများနှင့် ပါဝင်မည့် ကစားသမားစာရင်းကို မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်သည် မြန်မာပရော်ဖက်ရှင်နယ်ဘောက်ဆင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖွင့်ပေးမည့် သမိုင်းဝင်ပထမဆုံး နိုင်ငံတကာခါးပတ်လုပွဲတစ်ရပ်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရာတွင် ဦးဆောင်ပေးရန် ထရမ့်ပ်ကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် တိုက်တွန်း

ဂျီ-၇ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံစဉ် မြောက်ကိုရီးယားနှင့် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း ၎င်း၏ရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဂျီ-၇ ခေါင်းဆောင်များ၏ အဖွဲ့လိုက်မှတ်တမ်းဓာတ်ပုံ ရိုက်ကူးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦး အပြန်အလှန်နှုတ်ဆက်ဆွေးနွေးခဲ့ကြပြီး ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေကို လီဂျေးမြောင်ထံ မေးမြန်းခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်းက ပြောကြားသည်။ လီဂျေးမြောင်က အရှေ့အလယ်ပိုင်းဒေသအရေးတွင် ထရမ့်ပ်က ဆောင်ရွက်ခဲ့သကဲ့သို့ မြောက်ကိုရီးယားနှင့် ဆက်စပ်သည့် ပြဿနာများကိုလည်း ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက်...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071