Home Movies မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြု

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြု

0
75

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ (ဇွန် ၂၂ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားခြင်း ဖြစ်သည်။

ထိုသို့ပြောကြားမှုသည် ဒလမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဒေါ်ဆွေဆွေဝင်းက ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲခွင့်ပြုပါရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသို့ ပြောကြားမှုအရ ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတား လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ သဘောထားများအရ နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့်  ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲဖြတ်သန်းခွင့်ကို ခွင့်ပြုပေးနိုင်ပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်သည်ဟု  လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားထားခြင်း ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here